BEC-TERO TV

တိုက်ခန်းအပြင်ဘက် ရောက်သွားတဲ့ ကလေးလေးရဲ့ ကျောချမ်းစရာ ရုပ်သံ

08 Jan 2020     2,492 Views


နေအိမ်တိုက်ခန်း အထပ်မြင့်တွေမှာနေကြတဲ့ မိသားစုတွေအနေနဲ့ လမ်းလျှောက်တတ်ကာစ မတ်တပ်ပြေး ကလေးငယ်လေးများရှိရင် မျက်စိအောက်ကနေ အပျောက်မခံသင့်ပါဘူး။ တိုက်ခန်းရဲ့ ဝရန်တာ ပေါက်ကနေ ငှက်လိုက်ဖမ်းရင်း တိုက်အောက်ကိုပြုတ်ကျပြီး သေဆုံးသွားတဲ့ ကလေးတွေ ရှိဖူးပါတယ်။

ယခုသတင်းနဲ့အတူ ပါရှိတဲ့ ရုပ်သံမှာတော့ မတ်တပ်ပြေး ကလေးငယ်တစ်ဦးဟာ အထပ်မြင့်နေအိမ်တိုက်ခန်းရဲ့ အပြင်ဘက်က ကျဉ်းမြောင်းလှတဲ့ အုတ်ရိုးပေါ်မှာ ရှေ့နောက်ပြေးလွှားရင်း အိမ်ထဲကို ပြန်ဝင်ဖို့ ကြိုးစားနေတာဟာ ကြည့်ရှုမိသူတွေအားလုံး အသက်ရှုရပ်သွားလောက်အောင် မှင်သက်မိနေစေပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စနေနေ့က စပိန်နိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ‘တန်နရီဖီ’ ကျွန်းပေါ်က အထပ်မြင့် တိုက်ခန်းမှာဖြစ်ပါတယ်။ ကလေးဟာ မိဘတွေ ရေချိုးနေတုန်း တိုက်ခန်းရဲ့ ပြတင်းပေါက်ကနေ သူ့ဟာသူ ထွက်ခဲ့ပါတယ်။ အပြင်ဘက်က အုတ်ရိုးပေါ်အရောက်မှာ ရှေ့နောက် လျှောက်ပြေးနေပြီး အိမ်ခန်းထဲကို ပြန်ဝင်ဖို့ ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါ ဗီဒီယိုကို အနီးနား တိုက်ခန်းတစ်ခုက နိုင်ငံခြားသားခရီးသည် ဘယ်လ်ဂျီယံမိသားစုထဲမှ သမီးဖြစ်သူက မှတ်တမ်းတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။  ရုပ်သံမှာ တစ်ပိုင်းတစနဲ့ ပြီးဆုံးသွားခဲ့ပေမယ့် နောက်ဆုံးမှာ ကလေးကို ဘေးကင်းစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။


08 Jan 2020     2,492 Views




RELATED

Most Popular of Special or Others

Most Popular of NEWS