BEC-TERO TV

ထောင့်ကန်ဘောကနေ ဂိုးထဲကိုတိုက်ရိုက် ပါးပါးနပ်နပ် ကန်သွင်းခဲ့တဲ့ တိုနီ ခရူးစ်ရဲ့သွင်းဂိုး

09 Jan 2020     1,440 Views


မနေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလားဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်ဟာ ပွဲချိန် (၁၅) မိနစ်မှာ ထောင့်ကန်ဘောမှ တဆင့် တိုက်ရိုက်ကန်သွင်းရယူသွားခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကို ဗလန်စီယာ ဂိုးသမား ဒိုမီနစ်က အလျင်အမြန်ကာကွယ်ပုတ်ထုတ်ခဲ့ပေမယ့် မမှီခဲ့ဘဲ ဂိုးအတွင်းကိုသာ ဝင်ရောက်သွားခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

တိုနီ ခရူးစ်ရဲ့ လျင်လျင်မြန်မြန် ညာခြေဖြင့် ပါးပါးနပ်နပ် ဂိုးအတွင်းကို တိုက်ရိုက်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို စောင့်ကြည့်နေကြတဲ့ ဘောလုံးပရိတ်သတ်တွေက ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းဘက်ကို အနိုင်ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အာနိုးရဲ့ ပါးနပ်ပုံနဲ့  ဂိုးနဲ့နှိုင်းယှဉ်ကာ တိုနီခရူးကို ကိုချီးကျူးခဲ့ကြပါတယ်။

ပွဲပြီးဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဗလင်စီယာအသင်းကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ရီးရဲလ်အသင်းအတွက် ဂိုးတွေကို ခရူးစ်၊ အစ္စကို နဲ့ မိုဒရစ်တို့က သင်းယူပေးခဲ့ပြီး ဗလန်စီယာအတွက် ချေပဂိုးကို ပါရီဟို့စ်က မိနစ်၉ဝမှာ ပင်နယ်တီကတဆင့် ပြန်လည်သွင်းယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ပွဲက အနိုင်ရတဲ့အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

 


09 Jan 2020     1,440 Views




RELATED

Most Popular of Football

Most Popular of Sport