BEC-TERO TV

နေတိုးအဖွဲ့က ဒေါ်နယ်ထရမ့်နဲ့ တသဘောထားထဲဖြစ် ပူးပေါင်းကိုင်တွယ်မည်

09 Jan 2020     1,746 Views


မြောက်အတ္တလန်တိတ်နိုင်ငံများအချင်းချင်း သဘောတူစာချုပ်ချုပ်ဆိုထားသော နေတိုး(NATO) အဖွဲ့က ဒေတွင်း ပိုမိုတည်ငြိမ်မှုရှိရေးအတွက် နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများကို အရှေ့အလယ်ပိုင်းဒေသတွင် နှိပ်နင်းမှုများအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သဘောထားတူညီကြောင်း ပြောဆိုလိုက်သည်။

သမ္မတဒေါ်နယ်ထရမ့်နှင့် နေတိုးအဖွဲ့မှ အတွင်းရေးမှူး ဂျင်နရယ်လ် ယန်စတိုလ်တန်ဘာ့ဂ် တို့ ဗုဒ္ဓဟးနေ့က ဖုန်းကနေတစ်ဆင့် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းဒေသ အခြေအနေများနဲ့ ပက်သက်ပြီး နေတိုးအဖွဲ့ရဲ့ အခန်းကဏ္ဍများကို အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့ကြောင်း နေတိုးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်

သမ္မတဒေါ်နယ်ထရမ့် က နေတိုးအဖွဲ့အနေနဲ့ အရှေ့အလယ်ပိုင်းကိစ္စမှာ ပါဝင်ပက်သက်မည်လောဟု မေးခွန်းထုတ်ခဲ့ရာမှာ နေတိုးအဖွဲ့က ဒေသတွင်း ပိုမိုတည်ငြိမ်မှုရှိစေရေးအတွက် အကြမ်းဖက်သမားများကို တိုက်ခိုက်ရာတွင် ပိုမိုပူးပေါင်းဆောက်ရွက်မည်ဟု သဘောတူခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကိုလည်း အနီးကပ်ချိပ်ဆက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ နေတိုးအဖွဲ့အနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာမည်လားဆိုတာကို အတည်ပြုထားခြင်းမရှိသလို ဘယ်ကိစ္စတွေကို ချက်ခြင်းခြေလှမ်းပြင်ဆောင်ရွက်သွားမယ်ဆိုတာကို ရှင်းလင်းစွာ မသိရသေးပါ။

အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေး လက်ထောက်အတွင်းရေးမှူး ‘ဂျတ်ဒီးယား’ က ဖော်ပြပါအတိုင်း အပြန်အလှန်ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ(၈)ရက်နေ့က သမ္မတဒေါ်နယ်ထရမ့် က အိမ်ဖြူတော်ကနေပြီး အီရန်နိုင်ငံရဲ့ အခြေအနေကို တင်ပြမိန့်ခွန်းပြောကြားခဲ့ရာမှာ ဗိုလ်ချုပ်ကြီးဆိုလာမာနီ ဟာ ကမ္ဘာ့ထိပ်တန်း အကြန်းဖက်သမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလာမာနီ ဟာ အီရန်နိုင်ငံရဲ့ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်အရှောက်အဖွဲ့ ကတ်စစ်တပ်ကို ဦးဆောင်နေသူဖြစ်ပြီး ဒီအဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာထဲက အမေရိကန်တို့က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး အီရန်နိုင်ငံမှာ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်နဲ့ အီရတ်တို့ တစ်ဦးမျှ ဒဏ်ရာရခဲ့တာမရှိကြောင်း၊ အပျက်အဆီးအနည်းငယ်သာရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အီရန်နဲ့ ငြိမ်းချမ်းရေးရအောင် နည်းလမ်းရှာလုပ်ကိုင်နေကြောင်း ပြောကြားခဲ့ပါတယ်။

“အရှေ့အလယ်ပိုင်းက ရေနံတွေ ကျုပ်တို့ မလိုပါဘူး” လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အမေရိကန်မှာ အင်အားကြီးတဲ့ ဒုံကျည်အကြီးကြီးတွေ ရှိပါတယ် ဒါ့ပေမယ့် ဒါတွေကို ကျုပ်မသုံးချင်ပါဘူး၊ အမေရိကန်ရဲ့ အင်အားဟာ စစ်ရေး၊ စီးပွားရေး နှစ်ဘက်စလုံးမှာ တောင့်တင်းခိုင်မာပါတယ် ဒါဟာအကောင်းဆုံးသော ဟန့်တားမှုတွေဖြစ်စေတယ်” လို့ ပြောကြားခဲ့ပါတယ်။


09 Jan 2020     1,746 Views




RELATED

Most Popular of International News

Most Popular of NEWS