BEC-TERO TV

အက်ရှက်လေယန်းကို ခေါ်ယူချင်တဲ့ အင်တာမီလန်အသင်းနှင့် အပြောင်းအရွေ့ သတင်းတိုများ

09 Jan 2020     1,439 Views


စီးရီးအေ ကလပ် အင်တာမီလန်အသင်းဟာ အသက် ၃၄ နှစ်အရွယ်ရှိ မန်ယူအသင်းနောက်ခံလူ အက်ရှက်လေယန်းကို ခေါ်ယူဖို့  မျက်စိကျနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဝမ်ဘစ်ဆာကာကို ခေါ်ယူခဲ့ပြီးနောက် ညာနောက်ခံနေရာအတွက် ဘစ်ဆာကာနဲ့ ဘယ်နောက်ခံနေရာမှာ လုရှော့ တို့ကို အသုံးပြုနေပြီး လူငယ်ကစားသမားလေး ဝီလျံကိုလည်း နေရာပေးလာတာကိုကြောင့် မန်ယူ အသင်းခေါင်းဆောင် အက်ရှက်လေယန်းဟာ ပွဲထွက်ခွင့်ပျောက်ဆုံးလာခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြာင်းအရွေ့တုန်းက အင်တာမီလန်အသင်းဆီကို တိုက်စစ်မှူး လူကာကူကို ရောင်းထုတ်ခဲ့ပြီး ဆန်းချက်ကိုလည်း အငှားချထားခဲ့ပါတယ်။

မန်ယူအသင်းဟာ အေဂျက်အသင်း၏ကွင်းလယ်တိုက်စစ် ကစားသမား ဗန်ဒီဗက်ကို ပေါင် သန်း(၅၀) ဖြင့်  ဒီဇန်နဝါရီ အပြောင်းအရွေ့မှာ ခေါ်ယူဖို့ သဘောကျနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်ပိုင်းမှာ ပေါ့ဘာ ၊ တော်မီနေး ၊ ဖရက် ၊ ပါရဲယားတို့ ရှိပေမယ့်လည်း ခြေစွမ်းပိုင်း ကျဆင်းလာတဲ့ မာတစ်နေရာကို အစားထိုးချင်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနောက်ခံလူ ခရစ်တန်ဆန်ကို ခေါ်ယူဖို့ စီးရီးအေ ကလပ် အေစီမီလန်အသင်းက စိတ်ဝင်စားနေတယ်လို့  Skysports သတင်းအရ သိရပါတယ်။ ချဲလ်ဆီးအသင်း နည်းပြ ဖရန့်လမ်းပတ်ဟာ ဇူးမား ၊ တိုမိုရီ ၊ ရူဒီဂါတို့ကို ဦးစားပေး ပွဲထွက်အသုံးပြုနေတာကြောင့် ခရစ်တန်ဆန်ဟာ ဒီရာသီမှာ ပွဲထွက်ခွင့်နည်းပါးလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီနဲ့ အဆင်မပြေဖြစ်နေတဲ့ ဘာစီလိုနာအသင်းကွင်းလယ်လူ ဗီဒယ်ဟာ အသင်းပြောင်းဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဗီဒယ်ကို ခေါ်ယူဖို့အတွက် မန်ယူ ၊ အက်သလက်တီကို အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

စပါးအသင်းဟာ အသင်းမှာ ဒဏ်ရာရရှိနေတဲ့ ဟာရီကိန်းနေရာကို အစားထိုးနိုင်ဖို့အတွက် ဒီဇန်နဝါရီအပြောင်းအရွေ့မှာ အေစီမီလန်အသင်း တိုက်စစ်မှူး ပီယာတက်ကို ပေါင်သန်း (၃၀) ဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အေစီမီလန်အသင်းဟာ  ဒီဇန်နဝါရီ အပြောင်းအရွေ့မှာ ဇလာတန် အေဗရာမိုဗစ်ကို ခေါ်ယူထားခဲ့တဲ့အတွက်ကြောင့် ပီယာတက်ကိုအငှားချဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

 


09 Jan 2020     1,439 Views




RELATED

Most Popular of Football

Most Popular of Sport