BEC-TERO TV

တိရိစ္ဆာန်လေးတွေက ပြောပြတဲ့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး

09 Jan 2020     1,404 Views


“အတွေ့အကြုံနဲ့ မျိုးဗီဇက လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်တယ်”

စိတ်ပညာရှင်တွေရဲ့အဆိုအရ ကျွန်တော်တို့ရဲ့ ငယ်ဘဝ အစောဆုံး အတွေ့အကြုံတွေက အခါအားလျော်စွာ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ မှတ်တမ်းဖြစ်ပြီး အစီစဉ်တွေ ချမှတ်သွားပါတယ်။ နောက်ပိုင်းမှာ အဲဒီအစီစဉ်တွေနဲ့ပဲ ချိန်ထိုးပြီး ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအပေါ် ကိုယ့်ရဲ့အမြင်တွေ၊ ဆုံးဖြတ်တာတွေက လုပ်ဆောင်သွားပါတယ်။

ဒါကြောင့် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ၊ စဉ်းစားတွေးခေါ်ပုံခြင်းတွေ ကွာခြားသွားခြင်းဖြစ်ပါတယ်။ အဲဒီလို ပြုမူတုံ့ပြန် ဆုံးဖြတ်တဲ့အရာတွေက ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာတွေ ဖြစ်လာပါတယ်။

ဖော်ပြပါ ပုံကို ကြည့်ပါ။

အဲဒီနောက် ပထမဦးဆုံး ကိုယ်ရှာတွေ့လိုက်တဲ့ တိရိစ္ဆာန်လေးကို မှတ်ထားပါ။ သူ့က မိတ်ဆွေရဲ့ ကိုယ်ရည်ကိုယ်သွေး (တစ်နည်းအားဖြင့်) စရိုက်လက္ခဏာတွေကို ပြောပြပေးပါလိမ့်မယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်!!

 

မြင်းကျား

  • ပျော်ပျော်နေတတ်တယ်
  • သြဇာညောင်းတယ်
  • စိတ်အားထက်သန်တယ်
  • အဖော်မွန်ကောင်းဖြစ်တယ်
  • အပြောအဆိုလိမ္မာတယ်
  • အရောင်းသမားကောင်း ပီသတယ်
  • ငြီးငွေ့လွယ်တယ်

 

ကြောင်

  • စကားတွေအများကြီးပြောရတာ နှစ်သက်တယ်
  • ရှက်တတ်တယ်
  • လူတွေက ကိုယ့်ကိုဘယ်လိုထင်ကြမလဲဆိုတာ ဂရုမစိုက်တတ်ဘူး
  • ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်တယ်
  • လွပ်လပ်တယ်/အမှီအခိုကင်းတယ်
  • ကိုယ်ဘဝကို ကျေနပ်တတ်သူမျိုး

 

ဘဲ

  • အကောင်းမြင်တတ်တယ်
  • ဖန်ခွက်ထဲမှာ ရေတွေပြည့်လျှံနေတယ်လို့ မြင်တတ်သူမျိုး (ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲကျန်တော့တယ် ဒါမှမဟုတ် တစ်ဝက်တောင် ကျန်သေးတာပဲ ဆိုတာမျိုး မမြင်သူ)
  • ပစ္စုပ္ပန်မှာပဲ နေထိုင်တတ်တယ်
  • မ​ရောက်ဖူးတဲ့နေရာတွေကို ခရီးသွားချင်သူမျိုး
  • အတတ်ပညာအသစ်တွေ သင်ရတာ နှစ်သက်သူ
  • အမြဲတမ်း စပ်စုတတ်တယ်

 

ခိုအားလား

  • ငြိမ်ငြိမ်လေး နေတတ်သူ
  • ကိုယ်ပိုင်နေရာလေးမှာ ဘဝကိုနေထိုင်ချင်သူ
  • အရမ်းဂရုစိုက်တတ်တယ်
  • လေးလေးနက်နက် စဉ်းစားဆင်ခြင်သူ
  • လူတွေများတဲ့ ပါတီပွဲတွေ မကြိုက်ဘူး
  • နားအေးပါးအေး နေရတာ နှစ်သက်သူ
  • အခြားသူတွေကို ဘာမျှော်လင့်ချက်မှမထားပဲ ကူညီတတ်တယ်

 

ဆင်

  • စိတ်သဘောထား အလွန်ရိုးဖြောင့်သူ
  • တစ်ဖက်သားကို ဂရုစိုက်တတ်တာ လွန်ရော
  • သစ္စာရှိသူ
  • တာဝန်ယူမှု၊ တာဝန်ခံမှုကလည်း အပြည့်
  • စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်သူ
  • ပြဿနာတွေ ဖြေရှင်းနိုင်တဲ့နေရာမှာ ထိပ်တန်းပဲ
  • မိသားစုနဲ့ မိတ်ဆွေတွေကသာ သူအလေးအနက် ဦးစားပေးရာ

 

ဝက်ဝံ

  • ယုတ္တိ ယုတ္တန်သမား (အကျိုးကြောင်းသင့် တွေးတတ်သူ)
  • သဘာဝကို ချစ်မြတ်နိုးသူ
  • ရိုးရာဆန်သူ
  • တန်ဘိုးထားတတ်သူ
  • တိတ်တိတ်လေးနေပြီး စူးစမ်းလေ့လာတတ်သူ
  • ဆူညံပူညံလုပ်တတ်တဲ့ လူတွေနဲ့ နေရာတွေကို ရှောင်တယ်
  • ဆတ်ဆတ်ထိမခံ (စန်းစန်းတင့်)
  • အလေးအနက်ထား တွေးခေါ်တတ်သူ
  • အဆင်ပြေအောင် ဆက်ဆံတတ်သူ
  • စည်းကမ်းနဲ့ နည်းဥပဒေတွေကို ယုံကြည်လေးစားသူ
  • အလုပ်ကြိုးစားသူ
  • သူ့အပေါ်မှီခိုအားထား ပြုနိုင်သူ
  • အလုပ်/ရည်မှန်းချက်တွေအပေါ် ကိုယ့်ကိုယ်ကို မြုတ်နှံထားသူ
  • အစွန်းရောက်သူ

 

သစ်ကုလားအုပ်

  • လူမှုဆက်ဆံရေးမှာ ပျော်မွေ့သူ
  • သဘာဝအားဖြင့် သူတစ်ပါးရဲ့ စိတ်နှလုံးကို ရွှင်လန်းစေနိုင်သူ
  • အလွန်ကိုမှ အလိုက်သင့် အလျားသင့်နေတတ်သူ
  • စကားဝိုင်းတွေမှာ ထိန်းထားနိုင်သူ
  • ပေါ့ပေါ့ပါးပါးသမား
  • လက်တွေ့ကျသူ
  • ထိခိုက်ခံစားလွယ်သူ (စန်းစန်းတင့်)
  • သစ္စာထားသူ
  • သမရိုးကျ လုပ်ရိုးလုပ်စဉ်တွေ မကြိုက်သူ

 

ဝက်

  • အမှီအခိုကင်းသူ
  • ထက်မြက်သော စိတ်ဓါတ်ရှိသူ
  • အသေးစိတ်ကအစ အာရုံစူးစိုက်နိုင်သူ
  • မှတ်ဉာဏ်ကောင်းလွန်းသူ
  • ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်နိုင်စွမ်းရှိသူ
  • ဘွင်းဘွင်းရှင်းရှင်းသမား မဟုတ်ပေမယ့် လူတွေနဲ့ အလိုက်အထိုက်နေတတ်သူ

 

ယုန်

  • ဖန်းတီးနိုင်စွမ်းရှိသူ
  • ခွန်အားအပြည့်ရှိတတ်သူ
  • အပျော်တွေကို ကူးစက်ပေးတတ်သူ
  • ဟာသဉာဏ် အလွန်ရွှင်သူ
  • အတွေးနယ်ချဲ့တတ်သောသူ
  • မျှဝေခံစားတတ်သူ

 

ခြင်္သေ့

  • မွေးရာပါ ခေါင်းဆောင်စိတ်ဓါတ်ရှိသူ
  • သြဇာလွှမ်းမိုးနိုင်သူ
  • စိန်ခေါ်မှုတွေကို မကြောက်တတ်သူ
  • နိုင်လိုစိတ်ပြင်းပျသူ
  • နည်ဗျူဟာမှာ သူမတူအောင် တတ်သိသူ

 

ဇီးကွက်

  • စေ့စေ့စပ်စပ် ပိုင်းခြားစိတ်ဖြာသူ
  • လေးလေးနက်နက် တွေးတောသူ
  • အလုပ်ကို တစ်ဦးတည်းသာ လုပ်ကိုင်ချင်သူ
  • တိတ်ဆိတ်မှုကို မြတ်နိုးသူ
  • လူရှုပ်သူရှုပ်ဆိုရင် နေရထိုင်ရခက်သူ
  • စနစ်တကျလုပ်ကိုင်တတ်တယ်
  • ခြောက်ပြစ်ကင်း သဲလဲစင်ဖို့ အမြဲကြိုးစားသူ

** ကိုယ်ရှာတွေ့တဲ့ တိရိစ္ဆာန်လေးက ပြောပြတဲ့ ကိုယ်ရည်ကိုယ်သွေးက မှန်တဲ့အချက်များတယ်ဆိုင် သူငယ်ချင်းတွေ သိအောင် ရှယ်ပေးသွားပါဦး **


09 Jan 2020     1,404 Views




RELATED

Most Popular of Special or Others

Most Popular of Life Style