BEC-TERO TV

ဒီနှစ်ဘောလုံးရာသီမှာ ပြည်တွင်းကလပ် ရတနာပုံ FC အသင်းမှာသာ ကစားရဖို့ရှိနေတဲ့ အောင်သူ

09 Jan 2020     1,595 Views


မြန်မာလက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ယခုနှစ်၂၀၂၀ -၂၀၂၁ ဘောလုံးရာသီမှာ ပြင်ပထွက်ကစားဖို့ မရှိဘဲ ပြည်တွင်းကလပ် ရတနာပုံ FC အသင်းမှာ ပြန်ကစားရဖို့ ရှိတယ်လို့ သိရပါတယ်။ အောင်သူဟာ ​၂၀၁၇ နိုင်ဝင်ဘာလ ကစပြီး ပြည်ပထိုင်းကလပ်တွေမှာ အငှား သွားရောက်ကစားနေတာ ဖြစ်ပါတယ်။  

အသက် (၂၃) နှစ်အရွယ်ရှိ အောင်သူကို ခေါ်ယူဖို့ ပြင်ပကလပ်တွေက စိတ်ဝင်စားမှုတွေ ၊ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ ရတနာပုံအသင်းအတွက်ပဲ ကစားဖို့ရှိနေပါတယ်။ ရတနာပုံအသင်းမှာ အောင်သူဟာ ဂျာစီ နံပါတ် (၉) ကိုဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ အောင်သူဟာ ထိုင်းလိဂ်-၁ ကလပ် ပိုလစ်တီရိုအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ နောက်ရာသီမှာ ပိုလစ်တီရိုအသင်းက ထိုင်းလိဂ်-၂ ကို တန်းဆင်းသွားခဲ့ပါတယ်။ ထို့နောက်၂၀၁၈ နိုင်ဝင်ဘာမှာ အောင်သူကို  မြောင်သောင်အသင်းကနေ အငှားခေါ်ယူခဲ့ပြီး ထိုင်းလိဂ်-၁ ကလပ်မှာထပ်မံ ကစားခဲ့ပါတယ်။ ဒါပေမယ့် မူးထောင်ကလပ်မှာ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရပြီး ပွဲထွက်ကစားခွင့် သိပ်မရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကစားသမားအပြောင်းရွေ့စျေးကွက်ဟာ ယနေ့ည ၁၂ နာရီမှာ ပိတ်သိမ်းတော့မှာ ဖြစ်တာကြောင့် မိခင်ကလပ် ရတနာပုံ FC အသင်းမှာသာ ကစားရဖွယ်ရှိနေပါတယ်။


09 Jan 2020     1,595 Views




RELATED

Most Popular of Football

Most Popular of Sport