BEC-TERO TV

မန်ယူအသင်းနည်းပြ ရာထူးကို မျက်စိကျနေတဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂလီ

09 Jan 2020     1,434 Views


ဂျူဗင်တပ်စ်အသင်း နည်းပြဟောင်း အယ်လီဂလီဟာ မန်ချက်စတာယူနိုက်တက် နည်းပြရာထူးကို စိတ်ဝင်စားနေပြီး လက်ရှိနည်းပြ ဆိုးရှားလ်နေရာမှာ ဝင်ယူဖို့အတွက် အသင့်ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပါတ်က အင်္ဂလန်လိဂ်ဖလားပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်ချက်စတာပြိုင်ဘက် မန်စီးတီးအသင်းကို ၃-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနည်းပြ ဆိုးရှားလ်ရာထူးကလည်း မငြိမ်မသတ်ဖြစ်လာခဲ့ပါတယ်။

အယ်လီဂလီဟာ ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီတုန်းက ဂျူဗင်တပ်စ်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ ကြားထဲကာလတွေမှာလည်း အာဆင်နယ်အသင်းနည်းပြ ရောက်ရှိလာဖို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ အသင်းကစားသမားဟောင်း အာတီတာကိုသာ နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အားထားရတဲ့ ဒီရာသီကမှ ခေါ်ယူထားတဲ့ အသင်းနောက်ခံလူ မက်ဂွဲယားအပြင် ပေါ့ဘာ ၊ တော်မီနေး တို့ဟာ ဒဏ်ရာပြသာနာရှိနေခဲ့သည့်အတွက်ကြောင့် နည်းပြဆိုးရှားလ်အတွက် ထိုးနက်ချက် ဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပါတ်က ဝုလ်အသင်းနဲ့ကစားတဲ့ FA ဖလားပွဲစဉ်တုန်းကလည်း ဂိုးပေါက်တည့်အကြိမ် တစ်ကြိမ်မှ မရှိလောက်အောင်ထိ ဆိုးရွားခဲ့သည့်အတွက်ကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။


09 Jan 2020     1,434 Views




RELATED

Most Popular of Football

Most Popular of Sport