အမေရိကန်စစ်စခန်းတွေကို တိုက်ဖို့ ပြင်ဆင်ခဲ့ပုံတွေကို အီရန်ရုပ်သံက ထုတ်လွှင့်
10 Jan 2020 1,467 Views

လွန်ခဲ့တဲ့ ဗူဒ္ဓဟူးနေ့က အီရတ်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ပုံများကို အီရန်ရုပ်သံသတင်းဌါနက ထုတ်လွှင့်ပြသလိုက်ပါတယ်။
ရုပ်သံမှာ ဒုံးကျည်တွေ သိုလှောင်ထားတဲ့ လက်နက်တိုက်ကနေ ဒုံးကျည်တွေကို အစ္စလာမ်မစ် တော်လှန်ရေး အစောင့်အရှောက်အဖွဲ့တွေက ကရိန်းတွေနဲ့ မ ချီ ထုတ်ယူခဲ့ပြီး မည်သည့်နေရာဟု အတိအကျမပြောနိုင်သော နေရာတစ်ခုမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ ဒုံးကျည် တစ်ဒါဇင်လောက်ကို အမေရိကန်လေတပ်အခြေစိုက်စခန်းရှိရာ al-Asad ကို ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
အခုလို အီရန်ဘက်က တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သည်တွေ တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှု မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အိမ်ဖြူတော်ကနေ အတည်ပြုပြောကြားခဲ့ပါတယ်။
အီရန်ကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သူဟာ အမေရိကန်သမ္မတဖြစ်နေသရွေ့ အီရန်က နြူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးဟု အလေးအနက် ကတိပြုသွားခဲ့ပါတယ်။