BEC-TERO TV

ယူကရိန်းလေယာဉ်ကို အီရန်တို့ ပစ်ချသည့်ရုပ်သံ ထွက်ပေါ်လာ

10 Jan 2020     1,460 Views


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်း နှစ်ခုတို့ကို အီရန်တို့က ဒုံးကျည် တစ်ဒါဇင်ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် တီဟီရန်လေဆိပ်မှ ပျံသန်းထွက်ခွာလာသော ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့သည်။

လေယာဉ်ပျက်ကျမှုကို ကနဦးတွင် စက်ချို့ယွင်းမှုကြောင့်ဟု သုံးသပ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် တွင် စက်ချို့ယွင်းမှုကြောင့် မဟုတ်ပဲ ဒုံးကျည်ထိမှန်ပြီး ပျက်ကျခဲ့တဲ့ ရုပ်သံ ပေါ်ထွက်လာခဲ့ပါတယ်။

ရုပ်သံမှာ ဒုံးကျည်ထိမှန်ခဲ့တဲ့ လေယာဉ်ဟာ လေပေါ်မှာတင် ချက်ခြင်း ပေါက်ကွဲမှု မဖြစ်သေးပဲ မိနစ်အနည်းငယ်ကြာ ဆက်လက်ပျံသန်းခဲ့ပြီးမှ မြေပြင်ပေါ် ပျက်ကျကာ ပေါက်ကွဲသွားခဲ့တာကို တွေ့ရပါတယ်။

၁၉ စက္ကန့်သာ ကြာမြင့်တဲ့ ရုပ်သံမှာ လေယာဉ်ဆီကို မီးတန်းတစ်ခုတက်လာခဲ့ပြီး မီးတောက်ကြီးဖြစ်သွားခဲ့တာကို မြင်တွေ့ရပါတယ်။ ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်ထရူဒို က ယူကရိန်းလေကြောင်းလိုင်းအမှတ် PS752 ကို အီရန်တို့ ဒုံကျည်နဲ့ပစ်ချခဲ့ဟန်တူကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကိုယ်ပိုင်စုံစမ်းမှုတွေရော၊ မဟာမိတ်တွေဆီကပါ နေရာပေါင်းစုံကနေ သတင်းအချက်အလက်တွေ ရရှိထားပြီးပါပြီ။ ဒီသက်သေတွေအရဆိုရင် အီရန်က လေယာဉ်ကို ပစ်ချခဲ့တာပါ၊ ဒါဟာ တမင်ရည်ရွယ်တာမျိုး ဖြစ်ချင်မှလည်းဖြစ်မှာပါ” လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ လေယာဉ်ပျက်ကျခဲ့မှုကြောင့် လေယာဉ်ပေါ်ပါသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။


10 Jan 2020     1,460 Views




RELATED

Most Popular of International News

Most Popular of NEWS