BEC-TERO TV

သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ မြင်တွေ့ရတော့မယ့် အေးမြဖြူ

10 Jan 2020     1,980 Views


Myanmar Idol season 4 ပြိုင်ပွဲကြီးက Top Finalist တစ်ဦးဖြစ်သူ အေးမြဖြူဟာဆိုရင် အသံပါဝါအားကောင်းကောင်းနဲ့ ဘယ်လိုသီချင်းပုံစံမျိုးကိုမဆို သူမရဲ့ပင်ကိုအသံ၊ ပင်ကိုဟန်နဲ့ နစ်ဝင်စီးမြောသီဆိုတတ်သူဖြစ်ပြီး နားထောင်သူပရိသတ်တိုင်းကို ကြက်သီးမွှေးညှင်းများထစေသည်အထိ ထူးခြားတဲ့ပါရမီအရည်အချင်းနဲ့ ပြည့်စုံတဲ့အဆိုရှင်တစ်ယောက်ပါ။ အသက်အရွယ်လေးနဲ့မလိုက်အောင် အဆိုဂီတပိုင်းမှာ စွမ်းရည်ပါရမီတွေပြည့်စုံနေသူမို့ မြန်မာအိုင်ဒေါပြိုင်ပွဲတစ်လျှောက်မှာ ပရိသတ်တွေရဲ့ အခိုင်အမာဝန်းရံအားပေးခြင်းခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မြန်မာအိုင်ဒေါမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာကိုရရှိပိုင်ဆိုင်ခဲ့တဲ့ အေးမြဖြူကတော့ ပြိုင်ပွဲကြီးပြီးဆုံးသွားသည့်နောက်မှာ တက္ကသိုလ်ကျောင်းပြန်တက်ရင်း ရှိုးပွဲတွေကိုလည်း လိုက်လံသီဆိုဖျော်ဖြေနေရပါတယ်။ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေနဲ့ မစိမ်းခဲ့တဲ့ အေးမြဖြူဟာဆိုရင် ငယ်စဉ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပြီး သီချင်းဆိုပြိုင်ပွဲတွေမှာလဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ငယ်စဉ်ကတည်းက အနုပညာပိုးပါလာတဲ့ အေးမြဖြူကတော့ ပရိသတ်ကြီးကို သတင်းကောင်းလေးတစ်ခုပါးလိုက်ပြန်ပါပြီ။ အဲ့တာကတော့ သူမအနေနဲ့ ဒါရိုက်တာဏကြီးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

‘ချစ်ခင်စ မှော်ရုံ’ဆိုတဲ့ ရုပ်ရှင်ကားမှာ မိုးဟေကို၊ ပိုင်ဖြိုးသု၊ ဒေါင်း၊ ကျော်ထက်အောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းကို “ကဲ သတင်းကောင်းလေးလာပါပြီ.. တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့်*ချစ်ခင်စမှော်ရုံ*ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေးပါဝင်သရုပ်ဆောင်သွားမှာပါရှင်” ဆိုပြီး သတင်းစကားပါးထားတာပဲဖြစ်ပါတယ်။

ထိုသတင်းကြောင့် သူမရဲ့ပရိသတ်တွေအကုန်လုံးက ဝမ်းသာနေကြသလို ငယ်စဉ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးတဲ့ အေးမြဖြူကို လူကြီးသရုပ်ဆောင်အဖြစ် ပြန်လည်မြင်တွေ့ချင်နေကြတာလဲဖြစ်ပါတယ်။ အဆိုပိုင်းမှာ ထူးချွန်လွန်းတဲ့ အေးမြဖြူလေး သရုပ်ဆောင်ပိုင်းမှာပါ အရည်အချင်းပြည့်မှီမလားဆိုတာကတော့ ရင်ခုန်စရာပါပဲနော်… မိုးသိုလေးကို အားပေးကြမယ်မဟုတ်လား….??

 

(ပိုပိုလေး)


10 Jan 2020     1,980 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment