အီရန်စစ်ခေါင်းဆောင် လုပ်ကြံခံရမှုမှာ အစ္စရေးထောက်လှမ်းရေး ပါဝင်ကူညီခဲ့
13 Jan 2020 1,541 Views

အီရန်နိုင်ငံရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ဦးစီးမှူး ဗိုလ်ချုပ်ကြီး ကတ်ဆန်ဆိုလာမာနီ လုပ်ကြံခံရမှုတွင် အစ္စရေးထောက်လှမ်းရေး၏ သတင်းအချက်အလက်များကို အမေရိကန်က အားကိုးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ဗိုလ်ချုပ်ကြီး ကတ်ဆန်ဆိုလာမာနီ
ဆီးရီးယားနိုင်ငံ ဒီမားစကတ်မြို့မှ သတင်းပေးများက ဆိုလာမာနီ စီးနင်းလိုက်ပါလာမည့် လေယာဉ်ကို စီအိုင်အေထံ သတင်းပေးပို့ခဲ့ပြီး ဒီသတင်းအချက်အလက် မှန်ကန်ကြောင်းကို အစ္စရေးထောက်လှမ်းရေးမှ ထပ်မံအတည်ပြုပေးခဲ့ကြောင်း ရိုက်တာနဲ့ NBC သတင်းဌါနတို့က တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟူး
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟူး က လုပ်ကြံမည့် အစီစဉ်ကို နိုင်ငံခြားရေးခေါင်းဆာင်ကသာ သိရှိပြီး ယူအက်စ်အတွင်းရေးမှူး မိုက်ခ်ပွန်ပီရို နဲ့ ဖုန်းလိုင်းမှတစ်ဆင့် ပြောကြားခဲ့ကြကြောင်း နယူးရော့ခ်တိုင်း သတင်းတွင် ဖော်ပြထားသည်။
အမည်မဖော်လိုသူ အရာရှိတစ်ဦးက ရိုက်တာသတင်းဌါနကို ပြောကြားရာတွင် ဘတ်ဂဒတ်လေဆိပ် လုံခြုံရေးအရာရှိနှစ်ဦးနဲ့ ဗိုလ်ချုပ်ကြီး ဆိုလာမာနီ စီးနင်းလိုက်ပါလာသော Cham Wings လေကြောင်းလိုင်းမှ ဝန်ထမ်း နှစ်ဦးတို့က အမေရိကန်ကို ကူညီခဲ့ကြတယ်လို့ အီရတ်ထောက်လှမ်းရေးများက ယုံကြည်ထားကြသည်။
Cham Wings လေကြောင်းလိုင်းမှ ဝန်ထမ်းတစ်ဦးက ဒီမားစကတ်လေဆိပ်တွင် သူလျှိုလုပ်ပြီး နောက်တစ်ဦးက ဗိုလ်ချုပ်ကြီးလိုက်ပါလာသည့် လေယာဉ်ပေါ်တွင် သူလျှိုလုပ်ခဲ့ကြောင်း ရိုက်တာရဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားထားသည်။
လုပ်ကြံတိုက်ခိုက်သည့် တိုက်ရိုက်လွှင့် အဖြူအမဲ ရုပ်သံကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေရိကန်စစ်တပ်စခန်းများက တစ်ပြိုင်တည်း စောင့်ကြည့်နေခဲ့ကြသည်။ ဒုံးကျည် ၄ စင်းကိုယ်စီ တပ်ဆင်ထားတဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ် ၃ စင်းဟာ ယာဉ်တန်းနောက်ကို ထပ်ချပ်မကွာလိုက်ခဲ့ကြပြီး ကာတာမှာရှိတဲ့ အမေရိကန်ဗဟိုဌါနချုပ်က ဖုန်းမှတစ်ဆင့်ပေးပို့သည့် အတည်ပြုချက်များအတိုင်း လုပ်ဆောင်ခဲ့ကြသည်။
ယာဉ်တန်းမှာ လိုက်ပါလာသူစာရင်းကို အတည်ပြုနိုင်ခဲ့ချိန်မှာ မောင်းသူမဲ့လေယာဉ်မှာ ဒုံးကျည် ၄ စင်းနဲ့ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။