BEC-TERO TV

ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရ

13 Jan 2020     2,375 Views


ပရိသတ်ကြီးရေ မကြာမီရက်ပိုင်းကပဲ အကယ်ဒမီသရုပ်ဆောင်​ မေသန်းနုတစ်ယောက် ငွေကြေးလိမ်လည်မှုဖြင့် ထောင် (၁) နှစ်ကျသွားတဲ့သတင်းများအပြီး ယနေ့မှာပဲ နောက်ထပ်အနုပညာရှင်တစ်ဦးဖြစ်သူ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အေးအေးခိုင်ဟာလဲ ပုဒ်မ (၄၂၀) ငွေကြေးလိမ်လည်မှုဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အေးအေးခိုင်ဟာဆိုရင် ဟိုအရင်ခေတ် မင်းသမီးကြီးတွေလက်ထက်ကစလို့ ယနေ့ခေတ်မင်းသမီးငယ်လေးတွေ လက်ထက်ထိ ရုပ်ရှင်နဲ့ဗီဒီယိုဇတ်လမ်းတွေမှာ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်အဖြစ်အမြဲမြင်တွေ့ရလေ့ရှိပြီး ပရိသတ်အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ယနေ့မှာတော့ သရုပ်ဆောင်အေးအေးခိုင်တစ်ယောက် ပုဒ်မ (၄၂၀) ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။ သရုပ်ဆောင်အေးအေးခိုင်ကို တရားလိုဖြစ်သူ ဦးဇော်မင်းက ငွေကြေးဆိုင်ရာလိမ်လည်မှု ပုဒ်မ (၄၂၀) ဖြင့် စမ်းချောင်းမြို့နယ်တရားရုံးတွင် အမှုဖွင့်ကာ တရားစွဲဆိုထားတာဖြစ်ပြီး လက်ရှိမှာတော့ သက်ဆိုင်ရာတရားသူကြီးဖြစ်သူက ရှောင်တခင်ခွင့်တင်ထားတာကြောင့် အမှုစစ်ဆေးခြင်းနိုင်ခြင်းမရှိသေးဘူးလို့လဲ သိရပါတယ်။

 

Source & Photos_Cele Gabar

(ပိုပိုလေး)

 


13 Jan 2020     2,375 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS