၂၀၂၀ ဘယ်လ်ဂျီယံမယ် Live လွှင့်စဉ် ချော်လဲပြီး အတွင်းခံကျွတ်ကျ
14 Jan 2020 1,740 Views

၂၀၂၀ ဘယ်လ်ဂျီယံမယ်ဟာ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ စတိတ်စင်ပေါ်မှာ လှေကားထစ်လေးတွေ ရှိနေပြီး ဒီလှေကားထစ်လေးတွေကို နင်းလျှောက်ပြီး ဆင်းရာ၊ နောက်ဆုံးအထစ်အရောက်မှာ ရုတ်တရက် ခြေချော်ပြီး လဲကျခဲ့ပါတယ်။ ချော်လဲရာမှ ပြန်အထမှာ သူ့ရဲ့ အတွင်းခံ လျောကနဲကျွတ်ကျသွားခဲ့တာကို မြင်တွေ့လိုက်ရပါတယ်။
အသက် ၂၃ နှစ်အရွယ်၊ ဥပဒေဘွဲ့ရထားတဲ့ ၂၀၂၀ ဘယ်လ်ဂျီယံမယ် Celine Van Ouytsel က လဲကျခဲ့ရာမှ ပြန်အထမှာ သူမရဲ့ ဝတ်စုံကြားထဲက ရင်ခံဘရာစီယာ ပြုတ်ကျသွားတာကို သူမ သတိထားမိပုံမရပါဘူး။ မျက်နှာမှာ ရှက်သွေးဖြာသွားပေမယ့် ချက်ခြင်းဘဲ ဘာမှမဖြစ်သကဲ့သို့ ပြန်ထိန်းကာ ဟန်မပျက်၊ အပြုံးမပျက် စင်ပေါ်မှာ ဆက်လက် လျှောက်လှမ်းသွားခဲ့ပါတယ်။

သူမက သတင်းမီဒီယာတွေနဲ့ အင်တာဗျူးရာမှာ “ကျွန်မ ဒီနေ့ လဲကျခဲ့ပါတယ်၊ ဒါပေမယ့် ဘဝမှာလဲကျသွားတဲ့အခါ ပြန်ထဖို့ပဲလိုအပ်တယ်ဆိုတာ ကျွန်မက အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ဒီရုပ်သံအတိုလေးကို လူမှုပွန်ယက်ပေါ်မှာ ကြည့်ရှုသူ ၃ သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။







