UFC ဖိုက်တာတွေကို ကျော်ပြီး International Fighter of the Year ဆုကိုရရှိခဲ့တဲ့ အောင်လအန်ဆန်
14 Jan 2020 2,537 Views

မြန်မာ ဂုဏ်ဆောင် ၊ အမေရိကန်နိုင်ငံသား ဖိုင်တာကြီး အောင်လအောင်လအန်ဆန်ဟာ နာမည်ကျော် UFC ဖိုက်တာတွေကို ကျော်ပြီး World MMA awards ဖြစ်တဲ့ International Fighter of the Year ကိုရရှိခဲ့တယ်လို့ သိရပါတယ်။ MMA ဖိုက်တာ အောင်လအန်ဆန်ဟာ သူ ဒီဆုကို ရရှိခဲ့တဲ့ အတွက် မြန်မာပရိတ်သတ်အားလုံးနှင့် ဆုရရှိအောင် မဲပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ရေးသား ပြောဆိုခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ ဒီဆုကို ရရှိဖို့အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ရုရှားနိုင်ငံသား UFC နာမည်ကျော် ဖိုက်တာကြီး ခါဘစ် ၊ အီရန်နိုင်နွယ်ဖွား ဂီကတ်မူဆာဆီ ၊ အမေရိကန်ဖိုက်တာ ဒက်စတင်ပိုရီရာ ၊နောက်ထပ် အမေရိကန်ဖိုက်တာ ဒန်နီရယ် ကော်မီယာတို့ကို ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ ဆုကို Fighters Only Magazine က ၂၀၀၈ ခုနှစ် စတင်ပေးအပ်ချီးမြှင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ၊ ၂၀၁၉ အောင်လအန်ဆန်က ၂ နှစ်ဆက် ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆုဟာ တစ်နှစ်တာ အတွင်းမှာ အကောင်းဆုံးတိုက်ခိုက် အနိုင်ယူနိုင်တဲ့သူတွေကို ရွှေးချယ်ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။
International Fighter of the Year ဆုပေးခဲတဲ့ သက်တမ်းတစ်လျှောက်မှာ ၂ ကြိမ်ရရှိဖူးသူတွေကတော့ မိုက်ကယ် ဘစ်ပင်း ၊ အိုဗာရမ် နဲ့ ကွန်နာ မက်ဂရီဂေါ်တို့ဖြစ်ကြပြီး ယခုဆိုပါ အောင်လအန်ဆန်ပါ ပါဝင်လာခဲ့ပြီး ၄ ဦးအထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Source ; aungla Nsaung facebook, mmafighting and wiki