BEC-TERO TV

ခရီးသည်တင် ဘတ်စ်ကားတစ်စီး မြေကျွံကျမှုကြောင့် လူ (၆) ဦးသေဆုံး

14 Jan 2020     1,660 Views


တရုတ်နိုင်ငံ ချင်ဟိုင်ပြည်နယ် တွင် မြေကျွံကျမှုကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြေအောက်သို့ ထိုးကျကာ လူ (၆) ဦးသေးဆုံးခဲ့ပြီး (၁၆) ဦးထက်နည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ က ရှီးနင်းဆေးရုံ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

CCTV မှတ်တမ်းအရ အဆိုပါ ခရီးသည်ဘတ်စ်ကားဟာ မြေအောက်ထဲကို ထိုးကျခဲ့ပြီးနောက် ပေါက်ကွဲမှုလည်း ထပ်မံဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့ပြီး ဘေးနားမှာ ရှိတဲ့ ခရီးသည်တွေလည်း ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံပိုင်း သတင်းမီဒီယာများဖော်ပြချက်အရ အဆိုပါတွင်ပေါက်ကြီးဟာ အချင်း ၁၀ မီတာ (၃၂) ပေထိရှိခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွဲခဲ့ချိန်မှာတော့ ကားအတွင်း လူဘယ်နှစ်ဦး ရှိတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင် တိတိကျကျ မသိရဘူးလို့ဆိုပါတယ်။

အခုလို ဖြစ်ပွားမှုကြောင့် အစိုးရနှင့် ဆောင်လုပ်ရေးလုပ်သားများကို ပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အခုလိုမျိုး မြေတွင်းကျွံကျမှုကြောင့် လူ (၄) ဦးခန့်သေဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ရှန်ကျန်းတောင်ပိုင်းမှာ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး (၅) ဦးခန့်သေဆုံးခဲ့ပါတယ်။

Ref; BBC


14 Jan 2020     1,660 Views




RELATED

Most Popular of International News

Most Popular of NEWS