BEC-TERO TV

အင်္ဂလန် အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင် ဆွတ်ခူးရရှိ

15 Jan 2020     1,761 Views


လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင်ဟာ မန်းစီးတီးတောင်ပံကစားသမား စတာလင် ၊ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ကို ကျော်ကာ  ၂၀၁၉ ခုနှစ် အင်္ဂလန်၏တစ်နှစ်တာ အကောင်းဆုံး ဘောလုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဟန်ဒါဆင်ဟာ ၂၀၁၉ ခုနှစ်တွင် အင်္ဂလန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး အသင်းအတွက် (၇) ပွဲပါဝင်ကစားခဲ့ပါတယ်။   လီဗာပူးလ်အသင်းနှင့်အတူ ချိန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလား ၊ ကလပ်ကမ္ဘာဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒီရာသီတွင်လည်း လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး ဦးဆောင်ကစားနေတာကြောင့် စတာလင်နှင့် ဟာရီကိန်းတို့ကို ကျော်ကာ အင်္ဂလန်အကောင်းဆုံးကစားသမားအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

၂၀၁၉ အင်္ဂလန်အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို လိုင်ယွန်အမျိုးသမီးအသင်းတိုက်စစ်မှူး လူစီဘရွန်းက ရရှိခဲ့ပါတယ်။ လူစီဘရွန်းဟာ ပြီးခဲ့တဲ့ ရာသီက လိုင်ယွန်အမျိုးသမီးအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းပေးထားနိုင်ခဲ့သလို့ ၊ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အင်္ဂလန်အမျိုးသမီးအသင်းကို ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ လူစီဘရွန်းဟာ အယ်လန် ဝှိုက် ၊ ဘက် မီးလ် တို့ကို ကျော်ကာ ရရှိထားတာဖြစ်ပါတယ် အင်္ဂလန်အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို ၂၀၁၅ ခုနှစ်က ရရှိခဲ့ဖူးထားပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

Ref ; BBC


15 Jan 2020     1,761 Views




RELATED

Most Popular of Football

Most Popular of Sport