BEC-TERO TV

ဖုန်းနဲ့ ဂိမ်းနေ့တိုင်းကစားတဲ့ ၅ နှစ်သားလေး မျက်စိပါဝါ ဒီဂရီ ၁၀၀၀ ရှိနေ

15 Jan 2020     2,355 Views


စမတ်ဖုန်းတွေ လူနေမှုဘဝထဲကို ရောက်လာချိန်မှစပြီး အပြောင်းအလဲတွေများစွာ ဖြစ်ခဲ့ပါတယ်။ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း များစွာရှိနေပါတယ်။ မိသားစုတွေထဲမှာ စမတ်ဖုန်းတွေဟာ ကလေးတွေအတွက် ငြိမ်ဆေးတစ်မျိုးလည်း ဖြစ်လာပါတယ်။

ကလေးထိန်းဖို့ အချိန်မပေးနိုင်ကြတဲ့ မိဘတွေဟာ ကလေးတွေရဲ့ လက်ထဲကို ခပ်လွယ်လွယ်ပဲ စမတ်ဖုန်းတစ်လုံး ထည့်ပေးလိုက်တာက လက်တလောမှာ အဆင်ပြေသွားပေမယ့် ကလေးရဲ့ ဘဝတလျောက်လုံးမှာတော့ ပြန်ပြင်လို့မရနိုင်တော့တဲ့ ဆိုးကျိုးတွေ ရသွားနိုင်တယ်ဆိုတာကို ချင့်ချိန်နိုင်တဲ့ မိဘတွေ နည်းလွန်းလာပါတယ်။

သရုပ်ဖော်ပုံမျှသာ

တရုတ်နိုင်ငံ ဒေါင်ဂွမ်းစီရင်စုက အသက် ၅ နှစ်အရွယ် ကလေးဟာ အရွယ်နဲ့ မလိုက်အောင် မျက်စိမှုန်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ မိဘတွေက ကလေးငြိမ်အောင် စမတ်ဖုန်းထဲက ဂိမ်းတွေကို ပေးဆော့ခဲ့ပါတယ်။ ၂ နှစ်ကြာပြီးတဲ့အခါမှာတော့ ကလေးဟာ အရာဝတ္ထုတွေကို သဲသဲကွဲကွဲ မမြင်ရတော့ပဲ၊ မကြာခဏဆိုသလို သူ့ရဲ့မျက်လုံးတွေကို ပွတ်သပ်နေတတ်တာကြောင့် မူမမှန်တော့တဲ့အတွက် မျက်စိဆရာဝန်ထံ ပြသခဲ့ရာမှာ ကလေးရဲ့ မျက်စိပါဝါက ဒီဂရီ ၁၀၀၀ နီးပါးမြင့်နေတာကို ထိတ်လန့်စွာနဲ့ သိလိုက်ရပါတယ်။

ကလေးဟာ မျက်စိစစ်ဆေးကုသမှုကို ၃ လတစ်ကြိမ်ခံယူရမှာဖြစ်ပါတယ်။ အခုလို အဝေးမှုန်နေတဲ့ ကလေးဟာ အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့မြင်နိုင်စွမ်းက ပိုဆိုးလာနိုင်ကြောင်း သိရသည်။

မိဘတွေဟာ ကလေးကို ၃ နှစ်သားအရွယ်ထဲက စမတ်ဖုန်း၊ တက်ဘလက်တွေ ပေးဆော့စေပြီး ကလေးကလည်း နေ့စဉ် တစ်ရက်ကို ၆ နာရီခန့် ဂိမ်းတွေ ၂ နှစ်လောက် ဆက်တိုက် ဆော့ကစားခဲ့ကြောင်း သိရသည်။

ဒါ့ကြောင့်မို့ ကလေးငယ်လေးတွေရှိတဲ့ မိဘတိုင်း စမတ်ဖုန်း၊ တက်ဘလတ်တွေကို သုံးတတ်တဲ့ အကျင့် မလုပ်သင့်ပဲ ကလေးသဘာဝ ဆော့ကစားတဲ့ နည်းလမ်းများနဲ့သာ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။


15 Jan 2020     2,355 Views




RELATED

Most Popular of Special or Others

Most Popular of NEWS