BEC-TERO TV

ပရိတ်သတ်အားကြောင့် UEFA ရဲ့ မျက်နှာသာပေးခြင်းခံခဲ့ရတဲ့ စီရော်နယ်ဒို

16 Jan 2020     1,710 Views


၂၀၁၉ တစ်နှစ်တာ အကောင်းဆုံးအသင်း ရွေးချယ်ရာတွင်  (၄-၂-၄) ကစားကွက်ဖြင့် ရွေးချယ်ခဲ့ပြီး ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုလည်းပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်များက (၄-၃-၃) ကစားကွက်ဖြင့်သာ အများဆုံးရွေးချယ်ခဲ့ကြပြီး ယခုနှစ်မှာ တိုက်စစ် ၄ ယောက်ပါဝင်ခဲ့ပြီး(၄-၂-၄) ကိုရွေးချယ်ခဲ့ပါတယ်။ UEFA က (၄-၂-၄)ကစားကွက်မှာ ရွေးချယ်မှု အလွန်နည်းပါးတဲ့ ကစားကွက်လည်း ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆန္ဒမဲကောက်ခံရာမှာ တိုက်စစ်မှူးနေရာတွင် ဦးစားပေး( ၁ )အဖြစ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ (၂) အဖြစ် လီဗာပူးလ် တောင်ပံ တိုက်စစ်ကစားသမား မာနေနှင့် (၃)အဖြစ်ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့က ဦးဆောင်ခဲ့ပြီး ရော်နယ်ဒိုက စတုတ္ထနေရာတွင်သာ ရပ်တည်နိုင်ခဲ့ပါတယ်။

UEFA က (၄-၂-၄)ကစားကွက်ကို အသုံးပြုခဲ့တာကြောင့် ကွင်းလယ်ကစားသမားတစ်ဦး ဖယ်ထုတ်ခံခဲ့ရပါတယ်။ ဖယ်ထုတ်ခံရသော ကွင်းလယ်ကစားသမားမှာ ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေဖြစ်ပါတယ်။ ဒါကြောင့် UEFA၏ ရွေးချယ်မှုအပေါ် ပရိတ်သတ်တွေက ဝေဖန်ခဲ့ကြပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

UEFA ၏ ပြောရေးဆိုခွင့်ရှိသူက “ ဒီနှစ်ရဲ့ ကစားကွက်ရွေးချယ်မှုက UEFA က ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရရှိတဲ့ကစားသမားတွေအပေါ် ပရိတ်သတ်ရဲ့ မဲပေးရွေးချယ်မှု ဖြစ်ပါတယ်။ ကစားကွက်မှာ ချန်ပီယံလိဂ်ဆုဖလားပိုင်ရှင်(၅)ဦးနဲ့ UEFA Nations League ဗိုလ်လုပွဲရောက်(၄)ဦး တို့ကို ရွေးချယ်ခဲ့တာ​ဖြစ်ပြီး စီရော်နယ်ဒိုက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အခြေအနေသာဖြစ်ပြီး ခြွင်းချက်မရှိပါဘူး။” လိုဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

ဝေဖန်သူတွေကတော့ ရော်နယ်ဒိုကို အားပေးတဲ့ ဖန်တွေအများကြီးရှိတဲ့အတွက် သူ့ကို မဖြစ်မနေ ထည့်သွင်း လိုက်ရတယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။​ UEFA ဟာ နောက်ဆုံး ၆ နှစ်တာကာလမှာ(၄-၃-၃) ကစားကွက်ကိုသာ အသုံးများခဲ့ပြီး ၂၀၁၇ ခုနှစ် တစ်နှစ်ထဲသာ (၄-၄-၂) ကို အသုံးပြုခဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 


16 Jan 2020     1,710 Views




RELATED

Most Popular of Football

Most Popular of Sport