BEC-TERO TV

အင်စတာဂရမ် မော်ဒယ်မလေးတွေနဲ့ ပါတီပွဲကျင်းပခဲ့ကြတဲ့ မန်စီးတီးအသင်းသားများ

16 Jan 2020     1,880 Views


မန်ချက်စတာ စီးတီးအသင်းသားတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က  အီတလီမှ မော်ဒယ်မလေး ၂၂ ယောက်နဲ့ ဟိုတယ်တစ်ခုအတွင်းမှာ ပါတီပွဲကျင်းပ ပြုလုပ်ကာ ပျော်ပျော်ရွင်ရွင် ကဲခဲ့ကြတယ်လို သိရပါတယ်။ မော်ဒယ်မလေးတွေကလည်း အင်စတာဂရမ်မှ influencers အချော်အလှလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပါတီပွဲကျင်းပြုလုပ်မှာကို မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာ ကို အသိပေးခဲ့ခြင်း ရှိ ၊ မရှိကိုတော့ မသိဘူးလို့ သိရပါတယ်။ ပါတီပွဲမှာ ပါဝင်ခဲ့တဲ့ မော်ဒယ်မလေး တစ်ယောက်ဟာ အဆိုပါ ပါတီတွင် တက်ရောက်ခဲ့တယ်အကြောင်း ဆိုရှယ် မီဒီယာ ပေါ်မှာ ဓါတ်ပုံတင်ခဲ့တယ်လို့ သိရပါတယ်။ အခြားမော်ဒယ်တွေလည်း ဆိုရှယ်ပေါ်တွင် တင်ခဲ့ကြပြီး တချို့ကတော့ အင်စတာဂရမ် Story မှာတင်ခဲ့ကြပါတယ်။

တချို့ကတော့ ဒီသတင်းဟာ ကောလဟာလသာဖြစ်ပြီး မန်စီးတီးကစားသမားတွေဟာ အဆိုပါဟိုတယ်အတွင်းမှာ မိန်းကလေးတွေနဲ့ ပါတီမကျင်းပခဲ့ဘူးလို့ ဆိုပါတယ်။ အကယ်လို့သာ မိန်းကလေးတွေနဲ့ ပါတီပွဲကျင်းပခဲ့တယ်ဆိုရင် မန်စီးတီးကစားသမားတွေဟာ အသင်းရဲ့ အရေးယူပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

လက်ရှိမှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ အမှတ်ပေးဇယား တတိယနေရာမှာ ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ၁၄ မှတ်အထိကွာဟနေပါတယ်။ ယခုအပါတ်မှာ မန်စီးတီးအသင်းဟာ ခရစ်စ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

 


16 Jan 2020     1,880 Views




RELATED

Most Popular of Football

Most Popular of Sport