BEC-TERO TV

သင့်နှလုံးကျန်းမာရေး စက္ကန့် ၃၀ ထဲနဲ့ သိနိုင်မည့် အလွယ်ဆုံးနည်းလမ်း

16 Jan 2020     1,683 Views


ယနေ့ခေတ်မှာ နှလုံးရောဂါဟာလည်း အဖြစ်အများဆုံး ရောဂါတွေရဲ့ စာရင်းမှာ ထိပ်ဆုံးတန်းက ပါဝင်နေတဲ့ ရောဂါဖြစ်ပါတယ်။

အွန်လိုင်းခေတ်မှာ အိမ်မှာ ထိုင်နေရင်း ဖေ့စ်ဘွခ်ပွတ်ကာ သတင်းတွေဖတ်ရင်းနဲ့ နှလုံးရောဂါရနိုင်သည့် ခေတ်ဖြစ်သည်။ လမ်းမပေါ်မှာ၊ အလုပ်ထဲမှာ သောကတွေ စိတ်ရှုပ်စရာတွေနဲ့ လူကြီးလူငယ်မရွေးမှာ နှလုံးရောဂါက သိသာတာနဲ့ မသိသာတာကလွဲလို့ လူတိုင်း အနည်းနဲ့ အများတော့ ရှိကြသည်ပင်ဖြစ်သည်။

ယခုဖော်ပြပေးမည့် နည်းလမ်းလေးမှာ ငွေကြေးတစ်ပြားမှ ကုန်ကျခံစရာမလိုပဲ အိမ်မှာတင် စက္ကန့် ၃၀ အချိန်ပေးရုံမျှနဲ့ မိမိနှလုံးရဲ့ ကျန်းမာရေးအခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်မည့် နည်းလမ်း ဖြစ်ပါသည်။

စမ်းသပ်နိုင်ရန် လက်ဖဝါးနှစ်ဖက်လုံး တစ်ပြိုင်တည်း ထည့်နိုင်တဲ့ ဇလုံကျယ်ကျယ်တစ်လုံး လိုအပ်ပါတယ်။ ဇလုံထဲကို ရေခဲတုံးလေးများ ရေအေးနဲ့အတူ လက်နှစ်နိုင်မည့် အနေအထားလောက် လောင်းထည့်ပါ (အေးစက်နေရပါမည်)။ အေးစက်နေသော ရေထဲသို့ လက်နှစ်ဖက်လုံးကို ဖြန့်၍ စက္ကန့် ၃၀ ကြာအောင် စိမ်ထားလိုက်ပါ။

စက္ကန့် ၃၀ ကြာပြီးနောက် လက်ကို ရေဇလုံထဲမှ ပြန်ထုတ်ပြီး လက်ချောင်း ထိပ်ဖျားလေးတွေကို ကြည့်ပါ။ လက်ထိပ်ဖျားလေးတွေက အနီရောင် သန်းနေပါက သတင်းကောင်းဖြစ်ပြီး သင့်ရဲ့နှလုံး ကျန်းမာရေး ကောင်းမွန်ပါတယ်။ အခုလို အနီရောင်သန်းတာဟာ နှလုံးသွေးလှည့်ပတ်မှု ကောင်းလို့ဖြစ်ပါတယ်။

အကယ်၍ လက်ချောင်းထိပ်လေးတွေ ဖြူရော်နေမယ် ဒါမှမဟုတ် ခရမ်းပြာရောင် သမ်းနေမယ်ဆိုရင်တော့ နှလုံးရဲ့ ကျန်းမာရေး ပြသနာရှိနေပါပြီ။ အခုလို အရောင်တွေ ဖြစ်ရတာဟာ သွေးထဲမှာ အောက်ဆီဂျင်ပါဝင်နှုန်း လျော့နည်းနေခြင်း သို့မဟုတ် ခန္ဓာကိုယ်ထဲက သွေးထဲမှာ အောက်ဆီဂျင်နဲ့ ဆိုင်တဲ့ ပြသနာတစ်ခုခုရှိနေတယ် ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

ယခုကဲ့သို့ စမ်းသပ်ကြည့်နည်းဟာ နှလုံးကျန်းမာရေးရဲ့ ယေဘုယျအခြေအနေကို သိအောင်သာ စစ်ဆေးနိုင်တဲ့အတွက် အတွင်းကျကျ အတိအကျ သိဖို့ဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသသင့်ပါကြောင်း အကြံပြုလိုက်ပါရစေ။


16 Jan 2020     1,683 Views




RELATED

Most Popular of Health Fix

Most Popular of Life Style