BEC-TERO TV

ပြည်ပရောက် အကောင်းဆုံးဘယ်လ်ဂျီယံ ကစားသမားဆုကို ဟာဇက် ဆွတ်ခူး

17 Jan 2020     1,731 Views


ရီးရဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမား အီဒင် ဟာဇက်ဟာ ဘယ်လ်ဂျီယံသတင်းစာ Het Laatste Nieuws(HLN) မှ ရွေးချယ်ချီးမြှင့်သည့် ပြည်ပရောက် အကောင်းဆုံးဘယ်လ်ဂျီယံ ကစားသမားဆုကို (၃)နှစ်ဆက်တိုက် ရရှိ ခဲ့တယ်လို့ သိရပါတယ်။

ဟာဇက်ဟာ အဆိုပါဆုကို ၂၀၁၇ ၊ ၂၀၁၈ နှင့် ၂၀၁၉ (၃)နှစ်ဆက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်တွင် မန်စီးတီးကွင်း လယ်ကစားသမား ဒီဘရိုင်း ၊ အင်တာမီလန် တိုက်စစ်မှူး လူကာကူတို့နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပါတယ်။

အဆိုပါဆုဟာ ဘယ်လ်ဂျီယံသတင်းစာ HLN က ဦးဆောင်ချီးမြှင့်တာဖြစ်ပြီး ဘယ်လ်ဂျီယံ ဘောလုံးလောကမှ တာဝန်ရှိသူများနှင့် ဂျာနယ်လစ်များက ရွေးချယ်ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။ ဟာဇက်ဟာ မဲအရေအတွက် (၄၅၈) မဲအထိ ရရှိခဲ့ပြီး ဒုတိယနေရာမှ ဒီဘရိုင်းနားမှာ (၃၄၈)မဲသာ ရရှိခဲ့သည့်အတွက် ပြတ်ပြတ်သားသားအနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တွင် ဟာဇက်ဟာ အသင်းဟောင်း ချဲလ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ပြီး ယင်းပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

မဲရရှိမှု အရေအတွက်
ဟာဇက်(ချဲလ်ဆီး၊ ရီးရဲလ်)    ၄၅၈ မဲ

ဒီဘရိုင်း(မန်စီးတီး)    ၃၄၈ မဲ

လူကာကူ(မန်ယူ၊ အင်တာမီလန်)    ၂၄၈ မဲ

တီလေမန်းစ်(လက်စတာ)    ၈၇ မဲ

ဝစ်ဆဲလ်(ဒေါ့မွန်)    ၇၈ မဲ  

ဗင့်ဆင် ကွန်ပနီ (မန်စီးတီး ) ၅၈ 

မာတင် (နာပိုလီ) ၅၂ တို့ဖြစ်ပါတယ်။

Ref ; AS English

 


17 Jan 2020     1,731 Views




RELATED

Most Popular of Football

Most Popular of Sport