BEC-TERO TV

ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါ ဖြစ်ပွားခြင်းကို လျော့ကျစေနိုင်

17 Jan 2020     1,728 Views


ဆေးပညာရှင် သုတေသီတွေက ကော်ဖီသောက်ခြင်းကြောင့် ဆီးချိုရောဂါ အမျိုးအစား(၂) ဖြစ်ပွားနိုင်ခြေကို သိသာစွာ လျော့ကျစေကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါအပြင် ပူပူနွေးနွေး သောက်ရသည့် Hot drinks တွေက သွေတိုးရောဂါနဲ့ နှလုံးဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကိုလည်း ဖြတ်တောက် လျှော့ချနိုင်ကြောင်း အခိုင်အမာပြောဆိုလိုက်သည်။

ကော်ဖီသောက်သုံးခြင်းနဲ့ ဇီဝဖြစ်စဉ်ရောဂါလက္ခဏာရပ်တို့ ဆက်စပ်မှုရှိနေကြာင်းကို တွေ့ရှိပြီလို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။ စပိန်နိုင်ငံနဲ့ အီတလီနိုင်ငံ တက္ကသိုလ်တွေမှာရှိတဲ့ ကျွမ်းကျင်သူတွေက တစ်ရက်လျှင် ကော်ဖီ ၃ ခွက်ကနေ ၄ ခွက်ထိ သောက်တဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်နဲ့ ပက်သက်ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်သက်ရောက်မှုတွေ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။

လေ့လာစမ်းသပ်မှုတွေအရ တစ်ရက်မှာ ကော်ဖီ ၃ ခွက်ကနေ ၄ ခွက်ထိ သောက်တဲ့သူတွေဟာ ကော်ဖီ လုံးဝမသောက်သူတွေနဲ့ ၂ ခွက်ပဲ သောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဆီးချိုရောဂါ အမှတ် ၂ ဖြစ်ပွားနိုင်ခြေ ၂၅% ထိ လျော့ကျသွားတာကို သိလိုက်ရတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ တစ်ရက်ကို ကော်ဖီ ၆ ခွက်ကနေ ၈ ခွက်လောက်ထိ သောက်သုံးသူတွေမှာတော့ ဆီးချိုအမှတ် ၂ ဖြစ်နိုင်ခြေက ၅% ကနေ ၁၀% လောက်ထိသာ လျော့ကျ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး ကော်ဖီဟာ လူရဲ့ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့လက္ခဏာတွေ ရှိတယ်ဆိုတာကိုပါ ဆေးသိပ္ပံသုတေသီတွေ တွေ့ခဲ့ကြပါသေးတယ်။

စပိန်နိုင်ငံ Navarre University က သုတေသီ Estefania Toledo က အဖွဲ့ဝင်တွေနဲ့ လေ့လာစမ်းသပ်မှုတွေ လုပ်ပြီးတဲ့အခါ “ကော်ဖီသောက်တာနဲ့ ဆီးချိုအမှတ် ၂ ရောဂါ အကြား ချိပ်ဆက်မှု တစ်ကယ်ရှိပါတယ်” လို့ ဆိုပါတယ်။ “ကော်ဖီကို ရေရှည်စွဲသောက်မယ်ဆိုရင် သွေးတို့ရောဂါ ဖြစ်နိုင်ခြေကိုပါ လျော့ကျနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်” လို့ သူမက ပြောဆိုခဲ့ပါတယ်။

သုတေသီတွေရဲ့ သုံးသပ်ချက်အရ ကော်ဖီမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်ကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ရောဂါလက္ခဏာတွေကို လျော့ကျစေကြောင်း သိရပါတယ်။ ဒါပေမယ့် သုတေသီတွေအနေနဲ့ ကော်ဖီသောက်ခြင်းနဲ့ ဇီဝဖြစ်စဉ်ရောဂါဗေဒတွေ ချိပ်ဆက်နေတဲ့အကြောင်းကို ထဲထဲဝင်ဝင် သိရှိဖို့ စမ်းသပ်လေ့လာမှုတွေ ထပ်မံလိုအပ်ဦးမှာဖြစ်ပါတယ်။

ကိုယ်တိုင်က ဆီးချိုရောဂါ အမှတ် ၂ ကို ခံစားနေရတယ်ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသအကြံဉာဏ်တောင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်တလော သိရှိရတဲ့ အချက်များအရ တစ်နေ့ကို ကော်ဖီ ၃ ခွက်ကနေ ၄ ခွက်ထိ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးထူးတစ်ခုခုကို ရရှိစေတယ်ဆိုတာပဲ ဖြစ်ပါတယ်။


17 Jan 2020     1,728 Views




RELATED

Most Popular of Health Fix

Most Popular of Life Style