BEC-TERO TV

ပရိတ်သတ်တွေကို တောင်ပန်စကားဆိုခဲ့တဲ့ ဗီယက်နမ်အသင်းနည်းပြ ပက်ဟန်ဆိုး

17 Jan 2020     1,756 Views


မနေ့က ကစားခဲ့တဲ့ AFC U23 Championship ပြိုင်ပွဲမှာ ဗီယက်နမ်အသင်းဟာ မြောက်ကိုရီးယားသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီး​ ပြိုင်ပွဲမှာထွက်ခဲ့ရပါတယ်။ ထို့ကြောင့် ဗီယက်နမ် နည်းပြ ပက်ဟန်ဆိုးက ပရိတ်သတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။

ဗီယက်နမ်အသင်းဟာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မြောက်ကိုရီးယားအသင်းရဲ့ ကိုက် (၃၀) အကွာအဝေးကနေ အလွတ်တည်ကန်ဘောကို ဗီယက်နမ်ဂိုးသမား ပေါ့ဆမှုကနေ တစ်ဂိုးပေးခဲ့ရပြီး ပွဲပြီးခါနီးမှာ ပင်နတီပေးခဲ့ရပြီး အနိုင်ဂိုးပါ ခွင့်ပြုပေး လိုက်ရတာ ဖြစ်ပါတယ်။

AFC U23 Championship ပြိုင်ပွဲ အုပ်စု D တွင် ယူအေအီးနဲ့ ဂျော်ဒန်အသင်းတို့က နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ဗီယက်နမ်ကို အနိုင်ယူခဲ့တဲ့ မြောက်ကိုရီးယားအသင်းလည်း ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ပြိုင်ပွဲက ထွက်ခွာရပြီးနောက် ဗီယက်နမ် နည်းပြ ပက်ဟန်ဆိုးက “ ဒီနေ့ ရှုံးပွဲကြောင့် ပရိတ်သတ်တွေကို တောင်ပန်စကားဆိုချင်ပါတယ်။ ကျနော်မှာ တာဝန်အရှိဆုံးပါ။ ကျနော် ကစားသမားတွေ အကောင်းဆုံးကြိုးစားခဲ့ကြပေမယ့် သူတို့မှာ လိုအပ်ချက်တွေရှိပါသေးတယ်။ ဒီနှစ်မှာ ယူ-၂၃ အသင်းက ဘယ်ပြိုင်ပွဲမှ ကစားရဖို့မရှိတာကြောင့် လက်ရွေးစင်အသင်းကြီးကို အာရုံစိုက်သွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

တရုတ်မှာကျင်းပခဲ့တဲ့ AFC U23 Championship 2017 ပြိုင်ပွဲမှာ ဗီယက်နမ်က ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပါတယ်။

source ; foxsportsasia


17 Jan 2020     1,756 Views




RELATED

Most Popular of Football

Most Popular of Sport