BEC-TERO TV

၂၀၂၀ နှစ်သစ်ကစပြီး စီးရီးအေ (၃) ပွဲဆက် ဂိုးမြူးနေတဲ့ စီရော်နယ်ဒို

20 Jan 2020     1,677 Views


မနေ့ညကစားခဲ့တဲ့ ပါမားအသင်းနဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းအနိုင်အတွက် အနိုင်ဂိုး(၂) ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး စီးရီးအေ နောက်ဆုံး (၃) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၀အတွင်းဂိုမြူးနေတဲ့ ရော်နယ်ဒိုဟာ ၂၀၂၀ နှစ်သစ်က စပြီး သွင်းဂိုး (၆) ဂိုးအထိရယူထားနိုင်ခဲ့ပြီး ဒီရာသီစီးရီးအေသွင်းဂိုး ၁၆ ဂိုး ရှိခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ အတွင်းမှာ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် စီးရီးအေသုံးပွဲကစားပေးထားပြီး ၆ဂိုးအထိ ရရှိခဲ့ကာ ဟက်ထရစ်တစ်ကြိမ်ပိုင်ဆိုင်ခဲ့ပါတယ်။ ကယ်ဂလီယာရီ၊ ရိုးမားနဲ့ ပါးမားတို့ကို သွင်းယူခဲ့တာဖြစ်ပြီး ကယ်ဂလီယာရီနဲ့ပွဲမှာ ဟက်ထရစ်ရရှိခဲ့တာဖြစ်ပါတယ်။

ဂိုးမြူးနေတဲ့ ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီက “ဒီရာသီမှာ ဒိုင်ဘာလာဟာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ် သူက (ရော်နယ်ဒို) တော့ အမြဲတမ်း အကောင်းဆုံး ဖြစ်နေတာပါပဲ..။ ကျွန်တော်တို့မှာ ကွင်းလယ်ကစားမှာ ကစားနိုင်တဲ့ ကစားသမား အနည်းအငယ်သာ ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးကတော့ ဖန်တီးမှုတွေ၊ ဂိုးတွေ သွင်းယူနိုင်ပါတယ်။ ”

“တစ်ခါတလေ တိုက်စစ် နှစ်ယောက် ရွေးချယ်ဖို့ အတော်လေး ခေါင်းစားပါတယ်။  ရော်နယ်ဒိုကလည်း ဂိုးတွေသွင်းယူနိုင်ပြီး၊ ရော်နယ်ဒိုကလည်း ဂိုးတွေသွင်းနိုင်ပြီး ၊ ဟီဂူအင်ကလည်း သွင်းဂိုးတွေ ရယူနိုင်ပါတယ်။  ဒါကြောင့် ပြသာနာ တစ်စုံတစ်ရာတော့ မရှိပါဘူး ” လို့ပြောဆို ချီးကျူးခဲ့ပါတယ်။

ပါးမားအသင်းနဲ့ပွဲမှာ ဂိုးရယူ ပြီးနောက် ရော်နယ်ဒိုဟာ စီရီးအေ နောက်ဆုံး (၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဟာ ၂၀၁၅ ခုနှစ်က ဂျူဗင်တပ်စ် အသင်းတိုက်စစ်မှူးဟောင်းထရာဇီဂေးရဲ့ စံချိန်ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရောနယ်ဒိုဟာ စီးရီးအေပြိုင်ပွဲမှာ ပထမဆုံး ပွဲ(၂၀) မှာ  ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုး (၁၆) ဂိုးသွင်းယူနိုင်တဲ့ (၅) ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref; goal.com


20 Jan 2020     1,677 Views




RELATED

Most Popular of Football

Most Popular of Sport