ရတနာပုံ တိုက်စစ်မှူးအောင်သူကို ထိုင်းလိဂ်-၁ ကလပ်အသင်းက နှုတ်အားဖြင့် ကမ်းလှမ်းထား
21 Jan 2020 3,324 Views

ရတနာပုံအသင်းက မြန်မာ့လက်ရွှေးစင် တိုက်စစ်မှူး အောင်သူကို ထိုင်းလိဂ်-၁ ကလပ် ပီတီပရာချတ်အသင်းက ခေါ်ယူဖို့အတွက် နှုတ်အားဖြင့် ကမ်းလှမ်းထားတယ်လို့ မြန်မာ ဘောလုံးအေဂျင့် ကိုရဲနိုင်ဝင်းက ပြောပါတယ်။
အောင်သူကို ပီတီပရာချတ်အသင်းက အမေရိကန်ဒေါ်လာ ၈၀၀၀ နဲ့ ၁၀၀၀၀ (မြန်မာငွေ သိန်း ၁၁၀ မှ သိန်း ၁၅၀) ကြားပေးပြီး ခေါ်ယူဖို့ နှုတ်အားဖြင့် ပြောကြားခဲ့ပေမယ့် အသင်းဘက်ကတော့ ဘာမှအကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။
ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာ စိုင်းကလည်း အောင်သူကိုကမ်းလှမ်းမှုကို မသိရပေမယ့် သူ့အနေနဲ့ ပြည်ပကလပ်အသင်းမှာ ကစားချင်ရင်တော့ ခွင့်ပြုပေးသွားမှာပါ ။ အခု ပရာချတ်အသင်းမှာ ကစားချင်ရင်လည်း ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။အောင်သူကို ပရာချတ်အသင်းက ပြီးခဲ့တဲ့ နှစ်ကလည်း ကမ်းလှမ်းခဲ့ဖူးပြီး အောင်သူက မြောင်တောင်အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းပရီးမီးယားလိဂ်ရဲ့ စျေးကွက်ပိတ်မယ်ရက်က လာမယ့် ဖေဖော်ဝါရီ (၈) ရက်နေ့အထိဖြစ်တာ ကြောင့် အောင်သူအနေနဲ့ ထိုင်းလိဂ်-၁ ကလပ် ပရာချတ်အသင်းနဲ့ပဲ အဆင်ပြေသွားမလား ၊ လက်ရှိ ရတနာပုံအသင်းမှာပဲ ကစားသွားရမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။