BEC-TERO TV

ဗိုင်းရပ်စ်ရောဂါအသစ်ကြောင့် သေဆုံးသူများပြားလာပြီး ဝူဟန်တစ်မြို့လုံး တိတ်ဆိတ်နေ

23 Jan 2020     1,795 Views


ပြီးခဲ့တဲ့ အပါတ်လောက်ကမှ စတင်ကြီးထွားလာတဲ့ ဗိုင်းရပ်စ်ရောဂါအသစ်တစ်မျိုးကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် သေဆုံးသူများပြားလာပြီး ကူးစက်ခံရသူတွေလည်း တိုးပွားလာပါတယ်။ ဒါကြောင့် ဝူဟန်ပြည်နယ်အစိုးရက ဝူဟန်မြို့ကနေ ထွက်ခွာတဲ့ လေယာဉ်၊ ကား ၊ ရတား အစရှိတဲ့ သယ်ယူပို့ဆောင်ရေးအားလုံး ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

2019-nCoV လို့ အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ (၁၇) ဦးနှင့် ကူးစက်ခံရသူ (၅၀၀)နှင့်အထက် ထိရှိလာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ တောင်ကိုရီးယား ၊ ထိုင်း ၊ ဂျပန် နှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ကူးစက်ပြန့်ပွားနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဝူဟန်မှာတွေ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တဲ့ Novel coronavirus (2019-nCoV) လို့ သတ်မှတ်ထားကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်းအလွန်မြန်ပြီး ဗိုင်ရပ်စ်စတင်ရာ ရင်းမြစ်က  တိရိစ္ဆာန်ကနေ ဖြစ်မယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ဒီလိုမြန်ဆန်တဲ့ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဝူဟန်ပြည်နယ်မှာ ကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်းထမ် (၁၅) ဦးခန့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ တရုတ်ပြည်နယ်အစိုးရဟာ တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း အဆိုပါဗိုင်းရပ်စ် ပိုကြီးထွားလာမှာကို စိုးရိမ်နေကြပြီး ပြည်သူတွေကိုလည်း ကျန်းမာရေး အသိပေးမှုများလုပ်ဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် လူပေါင်း (၁၁) သန်းခန့်နေထိုင်ကြပြီး ဒီမြို့ဟာ လန်ဒန်မြို့လောက် ကြီးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ထက် ကျယ်ဝန်းပါတယ်။ ကမာ္ဘပေါ်မှာ အကြီးဆုံး မြို့တွေထဲ့က (၄၂) မြောက်အကြီးဆုံးဖြစ်ပါတယ်။ တရုတ်မှာဆိုရင်တော့ (၇) ခုမြောက် အကြီးဆုံးမြို့ဖြစ်ပါတယ်။

အဆိုပါ ဗိုင်းရပ်စ်အသစ်က ဘယ်လိုမျိုးလဲ

တောရိုင်းတိရိစ္ဆာန်တွေ တရားမဝင်ရောင်းဝယ်မှုမှတဆင့် ပင်လယ်စာရောင်းချတဲ့ စျေးကွက်ကနေ ဝင်ရောက်လာခဲ့ပါတယ်။

လူအချင်းချင်းလည်း ကူးစက်စေနိုင်ပြီး ကူးစက်မှုကလည်း အလွန်မြန်ပါတယ်။

အဆုတ်ကိုကူးစက်ပြီးရောဂါလက္ခဏာများသည်အဖျားတက်ခြင်းနှင့်ချောင်းဆိုးခြင်းမှစတင်သည်။ ၎င်းသည်အသက်ရှူကျပ်ခြင်းနှင့်အသက်ရှူကျပ်သည့်အခက်အခဲများအထိတိုးတက်နိုင်သည်။

အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တာဖြစ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါ လက္ခဏာများကတော့ ချောင်းဆိုးခြင်း အဖျားတက်ခြင်းကနေ အသက်ရှုကျပ်ခြင်းတဲ့အထိ ဖြစ်လာနိုင်ပါတယ်။


23 Jan 2020     1,795 Views




RELATED

Most Popular of International News

Most Popular of NEWS