BEC-TERO TV

မီးသတ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန် မီးသတ်သမား (၃) ဦးသေဆုံး

23 Jan 2020     1,833 Views


သြစတြေးလျနိုင်ငံတွင် မီးသတ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန် မီးသတ်သမား (၃) ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အဆိုပါလေယာဉ် ဘာကြောင့် ပျက်ကျရတယ်ဆိုတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့  တာဝန်ရှိသူ Shane Fitzsimmon ​ပြောကြားထားပါတယ်။

ပုံ ။ မီးသတ်လေယာဉ်

ယခုပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ကင်ဘာရာမြို့တော်၏ တောင်ဘက်နှစ်နာရီတွင် Snowy တောင်တန်းများတွင်ပျက်ကျခဲ့တာဖြစ်တယ်လို သိရပါတယ်။ ဘယ်သူတွေ သေဆုံးခဲ့တယ် ၊ သေသေချာချာ သိရှိရခြင်းမရှိသေးပေမယ့် သူတို့နှင့် သက်ဆိုင်တဲ့ မိသားစုတွေထံတော့ အခုလိုဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းရကြောင့်း ပြောဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မီးသတ်လေယာဉ်ပျက်ကျရာမှာ သေဆုံးခဲ့တဲ့သူတွေကို ဘယ်သူဘယ်ဝါမှန်းမသိရသေးပေမယ့် အမေရိကန်လူမျိုးတွေ ဖြစ်နိုင်တယ်လို့ အရာရှိတွေက ဆိုပါတယ်။ ယခုလေယာဉ်ဟာ သြစတြေးလျနိုင်ငံတွင် ပြီးခဲ့တဲ ဒီဇင်ဘာလအတွင်းက ဖြစ်ပျက်ခဲ့တဲ့ တောမီးကို ငြိမ်းသတ်ဖို့အတွက် အကူအညီပေး လေယာဉ်ဖြစ်ပါတယ်။


23 Jan 2020     1,833 Views




RELATED

Most Popular of International News

Most Popular of NEWS