BEC-TERO TV

အာကာသယာဉ်မှူး လူသားတစ်ပိုင်းစက်ရုပ်ကို အိန္ဒိယထုတ်ဖော်ပြသ (ရုပ်သံ)

23 Jan 2020     2,113 Views


အိန္ဒိယနိုင်ငံရဲ့ အနာဂါတ်အာကာသခရီးစဉ်တွင် အာကာသယာဉ်မှူးများနဲ့အတူ လိုက်ပါပြီး အာကာသဆိုင်ရာလုပ်ငန်းများကို အကူအညီပေးနိုင်မယ့် လူသားတစ်ပိုင်းစက်ရုပ်အမျိုးသမီးကို အိန္ဒိယနိုင်ငံ အာကာသသုတေသနအဖွဲ့အစည်းက ပွဲထုတ်ပြသခဲ့သည်။

“Vyommitra” လို့ အမည်ပေးထားတဲ့ အမျိုးသမီးစက်ရုပ်က စကားပြောနိုင်ခြင်း၊ အခြားလူတွေကို မှတ်မိနိုင်ခြင်း၊ လူသားတွေလိုပြုမှုနိုင်ခြင်း၊ စကားဝိုင်းဖွဲ့ပြောဆိုနိုင်စွမ်းနဲ့ မေးခွန်းတွေကို ပြန်လည်ဖြေဆိုနိုင်တဲ့ စွမ်းရည်တွေ လုပ်ဆောင်နိုင်ပါတယ်။

စက်ရုပ်ရဲ့ ဦးခေါင်းပိုင်းကို လူရဲ့ အသားအရေ၊ ဆံပင်တို့နဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ လူသားတစ်ပိုင်းစက်ရုပ်လို့ ချစ်စနိုးမှည့်ထားတဲ့အတိုင်း စက်ရုပ်က အောက်ပိုင်းမပါရှိပဲ ခန္ဓာကိုယ်အပေါ်ပိုင်းသာပါရှိပါတယ်။ ရှေ့နောက် ဘေးဘယ်ညာ လှုပ်ရှားနိုင်ပေမယ့် လမ်းမသွားနိုင်ပါဘူး။

အာကာသသုတေသနအဖွဲ့အစည်းက ဒီစက်ရုပ်ကို ဘန်ဂါလူရူးမှာ ဗုဒ္ဓဟူးနေ့က မီဒီယာတွေကို ဖိတ်ကြားပြီး ပထမဦးဆုံး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ရုပ်သံမှာ စက်ရုပ်က သူ့ကိုယ်သူ အာကာသယာဉ်မှူးတွဲဖက်အဖြစ် မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ဒီစက်ရုပ်ကို လာမယ့် ၂၀၂၂ အာကာသခရီးစဉ်တွေမှာ အိန္ဒိယအာကာသယာဉ်မှူး သုံးဦးနဲ့မတူ လိုက်ပါပြီး အာကာသဆိုင်ရာ လေ့လာစမ်းစစ်မှု တာဝန်တွေ ထမ်းဆောင်မှာဖြစ်ပါတယ်။

အိန္ဒိယပျံသန်းရေး ညွှန်ကြားရေးမှူး Raskesh Sharma ဟာ အာကာသထဲကို သွားရောက်တဲ့ အိန္ဒိယနိုင်ငံသားဖြစ်ပေမယ့် ရုရှားရဲ့ယာဉ်ပျံကို မောင်းနှင်ရတဲ့ အာကာသယာဉ်မှူး တစ်ယောက်ဖြစ်ပါတယ်။ အိန္ဒိယ အာကာသသုတေသနအဖွဲ့အစည်းက ၂၀၂၂ မှာ လွှတ်တင်မယ့် အာကာသလွန်းပျံယာဉ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။


23 Jan 2020     2,113 Views




RELATED

Most Popular of International News

Most Popular of NEWS