BEC-TERO TV

ကမ္ဘာမြေဆွဲအားနဲ့ ဟန်ချက်ညီမျှကို ပေါင်းစပ်ထားတဲ့ အနုပညာပြကွက်(ရုပ်သံ)

24 Jan 2020     2,403 Views


ဂျပန်နိုင်ငံဟာ နည်းပညာနဲ့ စက်မှုပိုင်းဆိုင်ရာတွေမှာ ထိပ်ဆုံးတန်းက ပြေးနေသလို အနုပညာဘက်မှာလည်း လျော့ပါးဆုတ်ရုပ်သွားခြင်းမရှိပဲ ရိုးရာအမွေအနှစ်တွေနဲ့ ဆန်းသစ်တဲ့ အနုပညာတွေကို တန်ဖိုးထားပြီး ဖော်ထုတ်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။

လတ်တလောအွန်လိုင်းပေါ်မှာ လူတွေအံ့သြမင်သက်မိအောင် ကမ္ဘာမြေကြီးရဲ့ ဆွဲအားနဲ့ လိုက်လျောညီထွေတဲ့ ဟန်ချက်ညီပြကွက် တစ်ခုကို ဒင်္ဂါးပြားတွေ၊ ဖန်ခွက်တွေ၊ ဖန်ဂေါ်လီလုံးလေးတွေ အသုံးပြုပြီး မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာတွေကို ဖန်တီးပြသခဲ့ပါတယ်။

ပုံတွေဟာ ကွန်ပြူတာနည်းပညာသုံး ဖိုတိုရှော့ မဟုတ်သလို တစ်ခုနဲ့တစ်ခု ကော်နဲ့ကပ်ပြီး ချိပ်ဆက်ထားတာလည်း မဟုတ်ပါဘူး။

“Tanu” လို့ အမည်ရတဲ့ အမျိုးသားဟာ သူကိုယ်တိုင် အချိန်အများကြီးပေးပြီး မဖြစ်နိုင်လောက်အောင် ဟန်ချက်ညီပြီး လှပတဲ့ အနုပညာဖန်တီးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။


24 Jan 2020     2,403 Views




RELATED

Most Popular of Special or Others

Most Popular of NEWS