BEC-TERO TV

မြန်မာအပြည်ဆိုင်ရာပရိဘောဂပြပွဲဈေးရောင်းပွဲတော်ကျင်းပလျက်ရှိ

18 Sep 2015     1,307 Views


မြန်မာအပြည်ပြည်ဆိုင်ရာပရိဘောဂပြပွဲနဲ့ ဈေးရောင်ပွဲတော်ကိုစက်တင်ဘာ(၁၇)ရက် နေ့မှ(၂၀)ရက်နေ့အထိတပ်မတော်ခန်းမမှာကျင်းပလျက်ရှိပါတယ်။Myanmar Internation Furniture ပြပွဲကိုမြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနဲ့သစ်အ ခြေခံလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကျင်းပတာဖြစ်ပြီး ကြိမ်၊ ၀ါးပရိဘောဂများ၊ သစ်ကိုအခြေခံထုလပ်တဲ့ ပရိဘောဂများအပြင်သွင်းကုန်ပရိဘောဂများကိုပါပြသသွား မယ့်လို့သိရပါတယ်။ဒီပြပွဲမှာ ပရိဘောဂကုမ္ပဏီ(၃၈)ခုက ပြခန်းပေါင်း(၁၆၄)ခန်းကိုပြသ ခဲ့ပြီးရောင်းချမှုများပါပြုလုပ်နေတာဖြစ်ပါတယ်။အခုလိုပြပွဲကိုမြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနဲ့သစ်အခြေခံလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာပြီးခဲ့တဲ့မတ်လက တစ်ကြိမ်ကျင်းပခဲ့တာဖြစ်ပြီးအောင်မြင်မှုရရှိခဲ့တာကြောင့်ယခုဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။


18 Sep 2015     1,307 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS