BEC-TERO TV

ရန်ကုန်လေဆိပ်တွင် ရောက်ရှိလာတဲ့ ဝူဟန်က ခရီးသည် (၅) ဦးတွင် ဗိုင်ရပ်စ်ပိုး မတွေ့ရှိရဟုဆို

24 Jan 2020     2,027 Views


ဒီဇင်ဘာလ (၁၃) ရက်နေ့ မနက် ၁ နာရီ ၄၅ မိနစ်အချိန်မှာ ရန်ကုန်လေဆိပ်သို့ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ လေယာဉ်တစ်စီးဆိုက်ရောက်ခဲ့ပါတယ်။

အဆိုပါ လေယာဉ်ပေါ်တွင် ဝူဟန်က ခရီးသည် (၅) ဦးခန့် လိုက်ပါလာခဲ့ပေမယ့် သူတို့ (၅) ဦးစလုံးဟာ ကျန်းမာရေးစစ်ဆေးချက်အရ Corona ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ သံသယရှိစရာ အချက်မတွေ့ရဘူးလို့ ဗဟိုကူးဆက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ကပြောပါတယ်။

“ မနေ့က ဝူဟန်ကနေ ဆိုက်ရောက်လာတဲ့ လေယာဉ်နဲ့ပါတ်သတ်ပြီး ပြည်သူတွေ စိုးရိမ်မှု ရှိခဲ့ကြပါတယ်။ အဆိုပါ လေယာဉ်အတွင်းမှာ ခရီးသည် (၈၅) ဦးနှင့် လေယာဉ်အမှုထမ်း (၉) ဦးပါဝင်ပါတယ်။ ကျန်တဲ့ ခရီးသည်တွေက အခြားကဖြစ်ပါတယ်။ ”

“လေဆိပ်မှာ ဝူဟန်ကလာတဲ့ ခရီးသည် (၅) ဦးကို စစ်ဆေးရာမှာတော့ ဗိုင်းရပ်စ်နဲ့ ပါတ်သတ်ပြီး သံသယဖြစ်စရာမတွေ့ ရှိခဲ့ဘူးလို့ ” ဗဟိုကူးဆက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်ဒေသမှ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အနည်းဆုံးသေဆုံးသူ ၂၅ ယောက်ရှိနေပြီး တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့နေပါတယ်။


24 Jan 2020     2,027 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS