BEC-TERO TV

လည်ပင်း ထုတ်ချင်းပေါက် အပ်ငါးအထိုးခံရတာတောင် အသက်မသေခဲ့တဲ့ ကောင်လေး

24 Jan 2020     2,235 Views


အင်ဒိုနီးရှားနိုင်ငံမှ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦးဟာ ပင်လယ်ထဲကို ရေဆင်းကူရာမှ အပ်ငါး လို့ခေါ်တဲ့ ငါးတစ်ကောင်က ရေထဲကနေခုန်ပြီး အဆိုပါကောင်လေးရဲ့ လည်ပင်းကို လှမ်းထိုးခဲ့ပါတယ်။ အဆိုပါ အပ်ငါးရဲ့ လှမ်းထိုးမှုကြောင့် အပ်ငါး၏ နှုတ်သီးဟာ ကောင်လေးရဲ့ လည်ပင်းဟာ ထုတ်ခြင်းပေါက် ဖြစ်ခဲ့ရပါတယ်။

အပ်ငါး ထိုးခံရသူ မိုဟာမက် အီဒူဟာ အပ်ငါးအပေါက်ခံရချိန်မှာ ဆူးရှစွာ နာကျင်ခံစားခဲ့ရပြီး သူရဲ့လည်ပင်းကို ပေါက်ထားတဲ့ အပ်ငါးခေါင်းကို ချိုးကာ ရေထဲကို ပစ်ချဖို့ ကြိုးစားခဲ့ပါတယ်။ ထိုနောက်  ကမ်းခြေသို့ ကူးခပ်လာခဲ့ပြီး ဆေးရုံးသို့ မိနစ် (၉၀) ကြာသွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ အသက် (၁၆) နှစ်အရွယ်ရှိ မိုဟာမက် အီဒူဟာ လည်ပင်းကို ထုတ်ခြင်းပေါက် အပေါက်ခံရပေမယ့် အသက်ဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။ သူကို ကူညီခဲ့ကြတဲ့ သူငယ်ချင်းတွေနှင့် ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

(၅)ရက်တာ ခွဲစိတ်မှုပြီးမြောက်ချိန်မှာ အီဒင်ဟာ ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပြီး သူ၏ လည်ပင်းဒဏ်ရာမှာလည်း နာကျင်မှုလုံးဝမရှိတော့ဘဲ အီဒင်တစ်ယောက်လည်း ပြုံးပြုံးရွင်ရွင် ဖြစ်နေတယ်လို့ သိရပါတယ်။

အဆိုပါ မိုဟာမက် အီဒူရဲ့ လည်ပင်းကို အပ်ငါးစိုက်ဝင်တဲ့ ဓါတ်ပုံတွေဟာ ကမ္ဘာတစ်ဝှမ်းက ဆိုရှယ်စာမျက်နှာတွေပေါ်မှာ ရောက်ရှိခဲ့ပြီး အသက်ရှင်ခဲ့တဲ့ သူကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။ အခုလို အဖြစ်ဆိုးမျိုးကြုံလာခဲ့ပေမယ့် ကြံကြံခိုင်ရင်ဆိုင်ခဲ့တဲ့ အီဒူကို BBC သတင်းဋ္ဌာနက အင်တာဗျူး ပြုလုပ်ကာ သူရဲ့အတွေ့အကြုံကို ပြန်လည် Share ခဲ့ပါတယ်။

Ref; BBC


24 Jan 2020     2,235 Views




RELATED

Most Popular of International News

Most Popular of NEWS