ဗိုင်းရပ်စ်ကုသနိုင်မည့် ဆေးရုံသစ်ကြီးကို ၂ ရက်အတွင်းဖွင့်လှစ်နိုင် (ရုပ်သံ)
29 Jan 2020 1,850 Views

ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ကုသနိုင်မည့် ဆေးရုံသစ်ကြီးကို ၂ ရက်အတွင်း ပြီးစီးအောင် ဆောက်လုပ်ခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Dabie Mountain Regional Medical Centre အမည်ရတဲ့ လူနာ ၁,၀၀၀ ဆန့် ဆေးရုံသစ်ကြီးကို မနေ့က ဒေသစံတော်ချိန် ည ၁၀ နာရီခွဲက စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အချို့လူနာများအား ရွေ့ပြောင်းကုသနေပြီဖြစ်ကြောင်း သိရသည်။

ဆေးရုံသစ်ကြီးဟာ ဝူဟန်မြို့နဲ့ ၄၆ မိုင်အကွာမှာတည်ရှိတဲ့ ဟွောင်းကန်မြို့မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်သား ၅၀၀ ကျော်နဲ့ စက်ယန္တရားများဟာ အချိန်စက္ကန့်မလပ် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။
လိုအပ်တဲ့ ရေ၊ လျှပ်စစ်မီး၊ အင်တာနက်နဲ့ အစစအရာရာအားလုံး လာမည့် တနင်္လာနေ့မှာ ပြီးစီးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။ ဆေးရုံသစ်ကြီးဟာ တရုတ်နိုင်ငံမှာ ရှိတဲ့ အကြီးဆုံး အဆောက်အဦး ၄ လုံးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဟွောင်းကန်မြို့က လူ ၄ ဦး သေဆုံးခဲ့ပြီး ၂၁၃ ဦး ကူစက်ခံနေရကြောင်း သိရသည်။






