BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ်ကုသနိုင်မည့်ဆေး ထိုင်းဆရာဝန်များတွေ့ရှိပြီ

03 Feb 2020     5,155 Views


ထိုင်းနိုင်ငံရှိ ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသော လူနာများကို ပေါင်းစပ်ထားသော ဆေးတစ်မျိုးဖြင့် ကုသပေးခဲ့ရာ ၄၈ နာရီအကြာမှာ လူနာတွင် ဗိုင်းရပ်စ်ပိုးကင်းစင်သွားကြောင်း အောင်မြင်စွာတွေ့ရှိခဲ့ရသည်။

Channel News Asia တွင် ဖော်ပြထားသော သတင်းအရ ဆရာဝန်တွေဟာ တုတ်ကွေးရောဂါအတွက် သုံးရသောဆေးနှင့် HIV ဆေးတို့ကို ပေါင်းစပ်ပြီး လူနာကို ကုသပေးခဲ့ရာ ၄၈ နာရီအတွင်း ပျောက်ကင်းသွားကြောင်း တွေ့ခဲ့ရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ Rajavithi ဆေးရုံကြီးတွင် အသက် ၇၀ အရွယ် ဝူဟန်မှ အမျိုးသမီးကြီးတစ်ဦးနှင့် အခြားလူနာအချို့ကို စမ်းသပ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသမီးကြီးမှာ ၁၀ ရက်ကြာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး HIV ဆေးဖြစ်သည့် lopinavir နှင့် ritonavir တို့ကို တုတ်ကွေးဆေးဖြစ်သည့် oseltamivir တို့နဲ့ ရောစပ်ကာ အကြီးစားဆေးထိုးသွင်းမှု ပြုလုပ်ခဲ့သည်။

၄၈ နာရီခန့်အကြာမှာတော့ ဗိုင်းရပ်စ်ပိုး မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ယခုနည်းလမ်းကို ၁၀ ကြာအမျိုးမျိုးစမ်းသပ်ခဲ့ပြီးမှ တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း အဆိုပါဆေးဟာ ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးမဟုတ်သေးပဲ ဆိုးရွားသည့်အခြေအနေမှ တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ခြင်းသာဖြစ်ကြောင်း Rajavithi ဆေးရုံမှ အဆုတ်ရောဂါအထူးကုဆရာဝန်ကြီး Dr Kriangska Atipornwanich က ပြောကြားခဲ့သည်။

အပြင်ပန်းရလာဒ်က အခြေနေကောင်းပေမယ့် စံပြုနိုင်တဲ့ ကုထုံးကိုတော့ ဆက်လက်ပြီး သုတေသနပြုရဦးမှာပါ” လို့ ဆိုပါတယ်။

လက်တလောမှာတော့ တရုတ်ကျန်းမာရေးဌါနက HIV နဲ့ တုတ်ကွေး ပေါင်းစပ်ဆေးတွေကို ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေကို ထိုးပေးနေပါတယ်။ အလားတူ ကုထုံးမျိုးကို လူနာများအား ကုသပေးရာ တစ်ဦးမှာ အခြေအနေကောင်းမွန်ပေမယ့် အခြားတစ်ဦးမှာ ဓာတ်မတည့်သည့် သွင်ပြင်လက္ခဏာများတွေ့ရကြောင်း ဆရာဝန်တစ်ဦးက ပြောပြသည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်အတွက် အားလုံးနဲ့ ကိုက်ညီပြီး ရောဂါပျောက်ကင်းနိုင်သည့်ဆေးကိုတော့ သုတေသီများ ဆက်လက်ကြိုးပမ်းလျှက်ရှိသည်။


03 Feb 2020     5,155 Views




RELATED

Most Popular of International News

Most Popular of NEWS