BEC-TERO TV

အမျိုးသားများရဲ့ မျိုးပွားနိုင်မှုကို ခြိမ်းခြောက်နေတဲ့ 5G ကွန်ယက်

03 Feb 2020     1,439 Views


ဆက်သွယ်ရေးနည်းပညာ 5G ကွန်ယက်ကို နိုင်ငံတစ်ဝှမ်းလုံး လွှမ်းခြုံနိုင်အောင် ဖြန့်ကျက်တည်ဆောက်ခဲ့ပြီးနောက် လူသားတို့ရဲ့ မျိုးပွားနိုင်မှုကို ခြိမ်းခြောက်နေတဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ယူကေနိုင်ငံမှာ မြင့်တက်လာနေပါတယ်။

မြန်နှုန်းမြင့် ဆက်သွယ်ရေးကွန်ယက် 5G နည်းပညာကို ပြီးခဲ့တဲ့ မေလက ဗြိတိန်နိုင်ငံမှာ စတင်ဖွင့်လှစ် အသုံးပြုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရေဒီယိုသံလိုက်လှိုင်း(EMR) တွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်လို့ ယုံကြည်သူတွေက 5G နည်းပညာဟာ ကျန်းမာရေးကို မည်မျှထိ ထိုခိုက်သက်ရောက်စေတယ်ဆိုတာကို သုတေသနစမ်းသပ်မှုတွေ လုပ်သင့်ကြောင်း ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။

ဒီတောင်းဆိုချက်တွေပါဝင်တဲ့ စာတစ်စောင်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ထံသို့ပေးပို့ခဲ့ပြီး စာအိတ်ကို ဖွင့်ဖောက်ဖတ်ဖို့ အရေးတစ်ကြီးတောင်းဆိုလိုက်ပါတယ်။ စာအိတ်ထဲမှာ ကြိုးမဲ့ဆက်သွယ်ရေးကွန်ယက်စနစ်ရဲ့ သက်ရောက်မှုနဲ့ ယူကေမှာရှိတဲ့ လူဦးရေတို့ရဲ့ ကျန်းမာရေးဆိုင်ရာ ညီမျှမှုတွေ ရှိ၊မရှိဆိုတာကို စုံစမ်းပေးဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုမှုတွေကို ရူပဗေဒပညာရှင်နဲ့ သီပ္ပဲသုတေသီ ၂၆၈ ဦးတို့ကလည်း သဘောတူကြောင်း လက်မှတ်ရေးထိုးထားပါတယ်။

ထပ်ကာတလဲလဲ သုတေသနပြုထားချက်တွေအရ ရေဒီယိုသတ္တိကြွလှိုင်းတွေဟာ DNA တွေကို ပျကိဆီးစေပြီး ဒီအကျိုးသက်ရောက်မှုက လူငယ်အမျိုးသားတွေရဲ့ မျိုးပွားနိုင်မှုကို ထိခိုက်စေနိုင်ကြောင်း ပြောဆိုထားပါတယ်။

ဗြိတိန်မှာရှိတဲ့ အမျိုးသားတွေရဲ့ကြားမှာ ထုတ်လုပ်နိုင်တဲ့ သုတ်ပိုးအရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ကနဲ့စာရင် ၂၉% လောက်ကျဆင်းသွားခဲ့ပါတယ်၊ ဒါဟာ မိုဘိုင်းနဲ့ ဆယ်လူနာနည်းပညာတွေ ထွန်းကားလာခဲ့ပြီးနောက်ပိုင်းမှာ သုတ်ပိုးအရေအတွက်နဲ့ အရေအသွေးပါ ကျဆင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်စစ်တမ်းအရ မိုဘိုင်းဖုန်း EMR သက်ရောက်မှုနဲ့ သုတ်ပိုးထုတ်လုပ်ခြင်းဆိုင်ရာ သုတေသန ၂၇ ခုမှာ ၂၁ ခုက အနုတ်လက္ခဏာဆောင်တဲ့ ရလာဒ်တွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဝါယာလက်စ်နည်းပညာ Wi-Fi စနစ် ထွန်းကားလာပြီးနောက် လူသားတို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေခြင်းဟာ အရေးကြီးတဲ့ ပြသနာတစ်ရပ်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ သဘာဝပတ်ဝန်းကျင်သုတေသီဂျာနယ်မှာ ဝါရှင်တန်စတိတ် တက္ကသိုလ်က Dr Martin Pall က ရေးသားဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း ရေဒီယိုကြိမ်နှုန်း ရေဒီယိုသတ္တိကြွလှိုင်းတွေဟာ လူတွေကို ကင်ဆာဖြစ်စေနိုင်တယ်လို့ တိတိကျကျထောက်ပြနိုင်တဲ့ အချက်တွေ မရှိသေးတာကြောင့် ရေဒီယိုသတ္တိကြွလှိုင်းတွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဟုသာ သတ်မှတ်ထားကြောင်း သိရသည်။


03 Feb 2020     1,439 Views




RELATED

Most Popular of Health Fix

Most Popular of Life Style