BEC-TERO TV

အိပ်ယာထက်က ပုံလေးတွေနဲ့ အသဲယားအောင်ဖမ်းစားလိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

03 Feb 2020     4,433 Views


အနုပညာလောကထဲမှာ အောင်မြင်နေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိဿအပေါင်းရဲ့ အခိုင်အမာဝန်းရံအားပေးခြင်းခံရသလို မိန်းမထုကြီးရဲ့နှစ်သက်အားကျမှုကိုလဲ ခံရသူပါ။ ရုပ်ရည်လှလှ ကောက်ကြောင်းလှလှကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သင်ဇာ့ရဲ့ Sexy ကျကျလှပမှုကြီးကတော့ ပရိသတ်တွေကြားမှာ အတော်လေးကိုရေပန်းစားလာတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သင်ဇာဝင့်ကျော်ကတော့ အနုပညာလှုပ်ရှားမှုမှာသာမက ဝတ်စားမှုဖက်ရှင်ပိုင်းမှာလဲ အတော်လေးခေတ်ရှေ့ပြေးတာကြောင့် ပရိသတ်တိုင်းရဲ့စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံထားရသူပါ။ သင်ဇာကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ပုံရိပ်တွေကို  လူမှုကွန်ယက်မှာ အမြဲမျှဝေပေးလေ့ရှိပြီး မကြာခဏဆိုသလိုလဲ ညှို့အားပြင်းတဲ့ Sexy ဆန်ဆန်ပုံရိပ်တွေနဲ့ပါ ဖမ်းစားလေ့ရှိပါတယ်။

တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ဆွဲဆောင်တတ်တဲ့ သင်ဇာကတော့ ယခုလဲ ပရိသတ်တွေအသဲယားအောင် လုပ်လိုက်ပြန်ပါပြီ။ အဲ့တာကတော့ သူမရဲ့လှပမှုတွေကို လှစ်ဟာပြထားတဲ့ အိပ်ယာထက်ကပုံရိပ်လေးတွေတင်ပြီး ဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်း အသဲတွေယားသွားမယ့် သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်…

 

(ပိုပိုလေး)

 


03 Feb 2020     4,433 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment