BEC-TERO TV

ဇနီးသည် မြစ်ထဲခုန်ချ အဆုံးစီရင်တာကို ဒီအတိုင်းကြည့်နေခဲ့တဲ့ ခင်ပွန်း (ရုပ်သံ)

05 Feb 2020     1,919 Views


ဖေဖော်ဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာလင်မယားနှစ်ဦး ကတောက်ကဆဖြစ်ကာ စကားများခဲ့ကြပြီးနောက် ဇနီးက ခင်ပွန်းရဲ့ မျက်စိရှေ့မှာတင် မြစ်ထဲခုန်ချပြီး အဆုံးစီရင်သွားခဲ့တာကို ခင်ပွန်းဖြစ်သူက သူနဲ့ဘာမှဆိုင်သလိုပဲ ဒီတိုင်းကြည့်နေပြီး လှည့်ထွက်သွားခဲ့ပါတယ်။

နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ချင်းမိုင်မြို့ ကာလွမ်ဈေးအနီး ပင်းမြစ်ထဲကို ခုန်ချပြီး အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ မြစ်ထဲခုန်ချခဲ့သူ အမျိုးသမီးဟာ အသက် ၃၁ နှစ်အရွယ် ရှမ်းတိုင်းရင်းသူ မနန်းမိုး ဆိုသူဖြစ်ပါတယ်။ ဇနီးသည် မြစ်ထဲ ခုန်ချသွားတာကို ခင်ပွန်းက သူနဲ့ မဆိုင်သလို လှည့်ထွက်သွားခိုက် အနီးနားမှာရှိတဲ့ အိမ်ခြေယာခြေမဲ့ အရက်စွဲနေသူတစ်ဦးက မြင်ပြီး မြစ်ထဲကိုလိုက်ခုန်ချကာ မနန်းမိုး ကို လိုက်ဆယ်ခဲ့ပါတယ်။

မြစ်ထဲကို လူခုန်ချခဲ့မှုသတင်းအရ ချင်းမိုင်မြို့မှ ကယ်ဆယ်ရေးအဖွဲ့များ လူနာတင်ကားများနဲ့ ချက်ခြင်းရောက်ရှိလာပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးမှုကြောင့် အသက်မသေဆုံးခဲ့ပဲ မဟာရတ်ချနာကွန်း ချင်းမိုင်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်းသိရသည်။

မျက်မြင်သက်သေများ၏ အဆိုအရ မြစ်ကမ်းနဖူးမှာ လင်မယားနှစ်ယောက် စကားများနေခဲ့ပြီး ခင်ပွန်းဖြစ်သူက မနန်းမိုးကို ‘သွားသေလိုက်’ လို့ ပြောခဲ့သည့်အပေါ် ကြီးစွာစိတ်ထိခိုက်ပြီးနောက် လူတွေအများကြီးရှိနေတဲ့ ကြားကပင် မြစ်ထဲကို ခုန်ချသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


05 Feb 2020     1,919 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS