BEC-TERO TV

ဘန်ကောက်လေဆိပ်တွင် လေယာဉ်ကိုဆွဲလာစဉ် ဆွဲကားကို တက်ကြိတ်မိပြီး ဝန်ထမ်းသေဆုံး

07 Feb 2020     2,125 Views


ဖေဖော်ဝါရီလ ၇ ရက် ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒိုမောင်းလေဆိပ်တွင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော Nok Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို လေဆိပ် တာမင်နယ်လ်သို့ လေယာဉ်ဆွဲကားဖြင့် ဆွဲယူလာစဉ် မတော်တဆမှုဖြစ်ပွားပြီး ဝန်ထမ်းတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်တွင်းခရီးစဉ်အတွက် ခရီးသည်များ တင်ဆောင်ရန် ထွက်ခွာမည့်လေယာဉ်ကို ရပ်နားထားရာနေရာမှ လေဆိပ်အဆောက်အဦးသို့ ကားသေးဖြင့် ဆွဲယူလာစဉ် လေယာဉ်ဘီးနှင့် ဆွဲကားတို့ကို တွဲချိက်ထားသည့် ကြိုးတစ်နေရာ ပျောက်ဆုံးနေသဖြင့် လေယာဉ်ကို ကွေ့ရန် ဆွဲလိုက်စဉ် လေယာဉ်က အရှိန်မထိန်းနိုင်ပဲ ဆွဲကားကို ဝင်တိုက်ကြိတ်မိခဲ့ခြင်းဖြစ်သည်။

မတော်တဆမှုကြောင့် ဆွဲကားမောင်းသူ ဝန်ထမ်းတစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရကာ လေယာဉ်မှာလည်း ထိခိုက်ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် လေယာဉ်အချိန် တစ်နာရီနောက်ကျကာ ၉ နာရီ ၅၀ မိနစ်တွင်မှ အစားထိုလေယာဉ်ဖြင့် ခရီးစဉ်ကို ထွက်ခွာနိုင်ခဲ့သည်။

အစပိုင်းတွင် ဆွဲကားမောင်းသူ မြေပြင် အင်ဂျင်နီယာ Mr. Ajith Cha-Am မှာ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံရောက်မှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း Nok Air မှ သတင်းထုတ်ပြန်ခဲ့သည်။

 


07 Feb 2020     2,125 Views




RELATED

Most Popular of International News

Most Popular of NEWS