BEC-TERO TV

ဟိုင်းဝေးလမ်းမှာ ကားပြိုင်မောင်းရာ ကားထဲမှကလေး လွှင့်စင်ထွက်ကျ (ရုပ်သံ)

13 Feb 2020     2,040 Views


ယာဉ်မတော်ဆမှု ဖြစ်ရတဲ့အကြောင်းရင်း ရာခိုင်နှုန်းအတော်များများဟာ ဗရမ်းဗတာမောင်းကြတဲ့ တာဝန်မဲ့ယာဉ်မောင်းများကြောင့် ဖြစ်ပါတယ်။ ဒီလိုယာဉ်မောင်းတွေကြောင့် လမ်းပေါ်မှာ သွားလာနေကြတဲ့ အခြားမော်တော်ယာဉ်တွေအတွက်ပါ အန္တရာယ်ကြီးမားပါတယ်။

လတ်တလော လူမှုကွန်ယက်ပေါ် ပြန့်နှံ့နေတဲ့ ရုပ်သံတစ်ခုမှာတော့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ကားပြိုင်မောင်းရာကနေ ကားပေါ်မှာ ပါလာတဲ့ အသက် ၅ နှစ်ဝန်းကျင် ကလေးတစ်ယောက် ကားထဲကနေ လွှင့်စင်ထွက်ကျပြီး ကားလမ်းမအလယ်မှာ ပြုတ်ကျကျန်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

ရုပ်သံအရ Honda Civic အမျိုးအစား အဖြူရောင်ကားဟာ ကားတွေကို အရှိန်ပြင်းစွာမောင်းနှင်ရင်း ဟိုဝင်ဒီထွက်နဲ့ မောင်းနှင်ခဲ့ရာ အပြာရောင်ဆလွန်းကားတစ်စီးကို အရှိန်နဲ့ ကျော်တက်စဉ် လမ်းနံဘေးက အကာအရံသံတန်းကို ကာဘော်ဒီနဲ့ တိုက်မိပြီးနောက် ကလေးကကားလမ်းမပေါ် လွှင့်ကျခဲ့တာဖြစ်ပါတယ်။ နောက်မှာ ကပ်ပါလာတဲ့ အပြာရောင် ဆလွန်းကားက ကလေးကို တက်ကျိတ်မိတော့မလိုဖြစ်ပြီးမှ မနည်းရှောင်ကွင်းမောင်းနှင်လိုက်တာကို တွေ့ရပါတယ်။

ကားလုံခြုံရေးကင်မရာအရ ရက်စွဲမှာ ၂၀၁၈ ခုနှစ်ဖြစ်နေသော်လည်း ဒီအဖြစ်ပျက်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၂၀ ခန့်က ဖြစ်ပျက်ခဲ့ကြောင်း၊ ကင်မရာရက်စွဲပြဿနာဖြစ်နေကြောင်း ပိုစ့်ပိုင်ရှင်က ပြန်လည်ရှင်းပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ ပဒက်စ်လင်ဂီမြို့ကနေ နီဂရီဆမ်ဘီလန်မြို့ ကိုသွားတဲ့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


13 Feb 2020     2,040 Views




RELATED

Most Popular of Special or Others

Most Popular of NEWS