BEC-TERO TV

တရားမဝင် ကိုယ်ဝန်အငှားဆောင်သည့် ဆေးခန်းအား ထိုင်းရဲများဝင်ဖမ်း

14 Feb 2020     1,926 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လတ်ဖရိုစီရင်စုရှိ လူနေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင်ကိုယ်ဝန်အငှားဆောင်သည့် လုပ်ငန်းကို လုပ်ကိုင်နေကြောင်း အထောက်အထားများ၊ သက်သေများနဲ့ ဖမ်းဆီးရမိခဲ့သည်။

တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့နှင့် ဘုရင့်သက်တော်စောင့် တပ်ဖွဲ့များ ပူးပေါင်းပြီး ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ အမျိုးသမီးငယ် ၇ ဦးနှင့် မွေးကင်းစ ရက် ၃၀ သားအရွယ် ကလေးတစ်ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီးတစ်ဦးက အငှားကိုယ်ဝန်ဆောင်ရန် စာချုပ်နဲ့ ငှားရမ်းခံထားရကြောင်းဝန်ခံပြီး ယခုနေအိမ်တွင် ရှိနေသူ အမျိုးသမီး ၇ ဦးစလုံးကို အမျိုးသား သုတ်ပိုးများ ထိုးသွင်းထားပြီးဖြစ်လို့ မကြာမီ ကိုယ်ဝန်ရတော့မည်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

မွေးဖွားလာသည့် ကလေးများကို အချိန်ဇယားအတိုင်း နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်ပိုဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

မွေးလာမည့် ကလေးများအား ကိုယ်တွင်း ကလီစာများ ရောင်းစားရန် အလိုငှာ တရုတ်ပြည်ဘက်သို့ လူကုန်ကူးသည်ဟု သံသယရှိထားပြီး တရုတ်ရဲများနဲ့ ပူပေါင်းဆောင်ရွက်ရန် ကြိုးစားလျှက်ရှိသည်။ တရုတ်နိုင်ငံအတွင်းမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းချမှုရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပဲ ဖမးဆီးရမိသူ တစ်ယောက်ခြင်းစီရဲ့ နောက်ကြောင်းရာဇဝင်များကို သေချာစွာစိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။


14 Feb 2020     1,926 Views




RELATED

Most Popular of International News

Most Popular of NEWS