BEC-TERO TV

အန္တရာယ်ရှိတဲ့ TikTok ကစားနည်းသစ်တစ်ခု နာမည်ကြီးနေ (လုံးဝ) လိုက်မလုပ်သင့်

17 Feb 2020     1,945 Views


TikTok မှာ လက်တလော နာမည်ကြီးနေတဲ့ ကစားနည်းတစ်ခု ပေါ်ပြူလာဖြစ်နေပါတယ်။ ဒါပေမယ့် ဒီကစားနည်းဟာ အလွန်အန္တရာယ်များပြီး လူသေဆုံးမှုတွေတောင် ရှိနေတာကြောင့် လိုက်မကစားကြဖို့ အထူးသတိပေးလိုက်ပါတယ်။

ဒီကစားနည်းဟာ “အပျော်အပျက်” ဆိုတဲ့အတိုင်း အပျော်ဆော့ရာကနေ ပျက်ဆီးခြင်း ထိခိုက်နစ်နာခြင်း အပျက်တွေ ဖြစ်စေနိုင်တာကြောင့် ကိုယ်တိုင်သော်၎င်း အခြားသူတွေကိုသော်၎င်း လုံးဝ စမ်းပြီးမကစားသင့်တဲ့ ကစားနည်းဖြစ်ပါတယ်။

ကစားနည်းကတော့ သူငယ်ချင်းတစ်ယောက်ကို သူငယ်ချင်းနှစ်ယောက်က စည်းရုံးသိမ်းသွင်းပြီး မြေပြင်ပေါ်ကို ခြေလွတ်လက်လွတ်ပြုတ်ကျအောင် ကျီစယ်တဲ့ ကစားနည်းဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ သုံးဦးသား အတူတူ ကပ်ရပ်နေကြပြီး အတူတူခုန်ကြမယ်လို့ စည်းရုံးပါလိမ့်မယ်၊ ခံရမယ့်သူကို အလယ်မှာ ထားကြပါလိမ့်မယ်၊ အဲဒီနေ ပထမတစ်ကြိမ် အတူတူခုန်ကြပြီး နောက်တစ်ကြိမ်မှာ ခုန်တဲ့အခါမှာတော့ ဘေးက နှစ်ဦးက မခုန်တော့ပဲ အလယ်ကတစ်ဦး ခုန်လိုက်ပြီး ပြန်ကျလာစဉ် သူ့ရဲ့ ခြေထောက် တစ်ဖက်စီကို ဘေးနှစ်ဘက်က သူတွေက အသာလေကန်လိုက်မှာ ဖြစ်ပါတယ်။ ဒီမှာတင် ဟန်ချက်ပျက်ပြီး ခြေလွတ်လက်လွတ်ပြုတ်ကျသွားပါတယ်။

ဒီကစားနည်းကြောင့် ဘရာဇီးလ်နိုင်ငံက မိန်းကလေးတစ်ဦး အသက် သေဆုံးခဲ့ရပါတယ်။ အခြားနိုင်ငံတွေမှာလည်း ပြုတ်ကျပြီး သတလစ်မေ့မြောသူ၊ လက်ကျိုးသူ၊ အနာတရ ဖြစ်သူတွေရှိတာကြောင့် နိုင်ငံတကာသင်းဌါနတွေရဲ့ ခေါင်းကြီးပိုင်းမှာ သတိပေးဖော်ပြခံရတဲ့ထိ အန္တရာယ်ရှိနေပါတယ်။

ဒါကြောင့် ဒီကစားနည်းကို လုံးဝမကစားကြဖို့ သို့မဟုတ် ကိုယ်ကိုယ်တိုင် သားကောင်မဖြစ်စေဖို့ သတင်းလေးကို လက်ဆင့်ကမ်း မျှဝေပေးကြပါဦး။


17 Feb 2020     1,945 Views




RELATED

Most Popular of Special or Others

Most Popular of NEWS