BEC-TERO TV

ကိုရိုနာဗိုင်းရပ်ကြောက်ပြီး အိမ်မွေးတိရိစ္ဆာန်များကို အထပ်မြင့်တိုက်ခန်းတွေပေါ်ကနေ လွှင့်ပစ်ချ

17 Feb 2020     2,021 Views


ကိုရိုနာဗိုင်းရပ် Covid-19 ပြန့်နှံ့မှုဟာ ကမ္ဘာ့အနှံ့ကို ရောက်ရှိနေပြီးနောက် လူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေဟာလည်း မြင့်တက်လာပါတယ်။ ဗိုင်းရပ်စ်ကာကွယ်နိုင်တဲ့ နှားခေါင်းစည်း ဈေးနှုန်းများက ရွှေဈေးထက် မြင့်တက်လာနဲ့အထိ ကိုရိုနာဗိုင်းရပ်ရဲ့ ခြိမ်းခြောက်မှုက ကြီးမားပါတယ်။

အခုတစ်ခါမှာတော့ ကိုရိုနာဗိုင်းရပ်ဟာ တိရိစ္ဆာန်တွေဆီကနေ ကူးစက်ခံရနိုင်တယ်လို့ စိုးရိမ်နေကြသူတွေက သူတို့ရဲ့ ချစ်လှစွာသော အိမ်မွေးတိရိစ္ဆာန်လေးတွေကို အထပ်မြင့် နေအိမ်တိုက်ခန်းပေါ်ကနေ အရှင်လတ်လတ် လွှင့်ပစ်ချမှုတွေ ရှိလာပါတယ်။

ဟောင်ကောင်မှာ အခုလိုအဖြစ်မျိုး ၂၅ ခုထိ ရှိလာနေပြီး လွှင့်ပစ်ချလိုက်လို့ အောက်ပြုတ်ကျပြီး သေဆုံးသွားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ ကြောင်၊ ယုန်၊ ဟမ်စတာ၊ ကြက်တူရွေးတွေအပြင် ပုတ်သိုးပျက်ဆီးနေလို့ ဘာအကောင်လဲဆိုတာ ခွဲခြားလို့ မရတော့တဲ့ သတ္တဝါလေးတွေ ပါဝင်ပါတယ်။

လွှင့်ပစ်ချခံလိုက်ရတဲ့အထဲက ကြောင်လေး ၅ ကောင်က အသက်မသေခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။

ဒါတွေဟာ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်သာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ဟာ တိရိစ္ာန်ကနေ လူကိုကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ မှတ်တမ်းမှာ ဖော်ပြထားခြင်း မရှိသေးပါဘူး။

ရဲတွေကတော့ အခုလို ပြလုပ်တဲ့ သူတွေကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း တရုတ်သတင်းမီဒီယာ South China Morning Post တွင် ဖော်ပြပါရှိသည်။


17 Feb 2020     2,021 Views




RELATED

Most Popular of Special or Others

Most Popular of NEWS