BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ဟာ ဆားစ်ထက် အဆ ၂၀ ပိုလက်စောင်းထက်ကြောင်း အသစ်တွေ့ရှိ

19 Feb 2020     1,891 Views


လူကိုသေစေနိုင်သည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်ထဲမှာ ဖွဲ့တည်နိုင်မှုက ဆားစ်(Sars) ရောဂါထက် အဆ ၂၀ ပိုစွမ်းကြောင်း အောစတင်မြို့ရှိ တက္ကဆက်တက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် နဲ့ ဆားစ် တို့ရဲ့ အလုပ်လုပ်ကြပုံ၊ ဆဲလ်တွေမှာ ကပ်ညိပြန့်ပွား ဖွဲ့တည်ပုံခြင်း အတူတူပင်ဖြစ်ပြီး ယင်းအခြေအနေကို ဆေးပညာအရ converting enzyme 2 (ACE2) ဟု ခေါ်တွင်သည်။

bioRxiv ဝဘ်ဆိုက်တွင် စနေနေ့က ထုတ်ပြန်ခဲ့သော သတင်းအရ ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားဆဲလ်ထဲမှာ တစ်ခုကနေ တစ်ခုဆက်နွယ်ပြန့်ပွားမှုဟာ ဆာစ်နဲ့ ယှဉ်လိုက်ရင် ၁၀ ကြိမ်ကနေ အကြိမ် ၂၀ လောက်ထိ မြင့်မားကြောင်းဖော်ပြထားသည်။ ဒါပေမယ့် အခုလို ဆဲလ်ထဲမှာ အိမ်ဖွဲ့နိုင်မှု မြန်ဆန်ခြင်းဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တဲ့ အခြေအနေကို အထောက်အပံ့ဖြစ်စေသလားဆိုတာကိုတော့ ဆက်လက်လေ့လာရဦးမှာဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဆားစ် နဲ့ယှဉ်ရင်တော့ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်မှု ပိုမြန်နေပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရသူ အရေအတွက်ဟာ ၂၀၀၃ ခုနှစ်က ဆားစ်ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်ထက် များစွာ ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိရသည်။


19 Feb 2020     1,891 Views




RELATED

Most Popular of International News

Most Popular of NEWS