BEC-TERO TV

ဒါရိုက်တာ Steven Spielberg ရဲ့ သမီးဖြစ်သူ အပြာရုပ်ရှင်လောကထဲ ခြေချတော့မည်ဟုကြေညာ

20 Feb 2020     2,340 Views


ကမ္ဘာကျော် ဟောလိဝုဒ်ဒါရိုက်တာကြီး စတီဗင်စပိဘတ်(Steven Spielberg) ကို မသိတဲ့သူ ရှားပါလိမ့်မယ်။ အော်စကာဆုရှင်ကြီးဖြစ်သလို ဟောလိဝုဒ်ရုပ်ရှင်လောကကိုလည်း ခေတ်အလိုက် အဆင့်မြင့်တဲ့ အပြောင်းအလဲတွေ ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာကြီးဖြစ်ပါတယ်။ E.T, Indiana Jones, Schindler’s List, Jurassic park စတဲ့ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။

သူရဲ့သမီးဖြစ်တဲ့ ‘မီခေလာစပိဘတ်’(Mikaela Spielberg) ၂၃ နှစ်က အပြာရုပ်ရှင်လောကထဲကို စတင်ခြေချတော့မယ့်လို့ လူသိရှင်ကြား ဖော်ပြလိုက်ပါတယ်။ သူမရဲ့ ကိုယ်တိုင်ရိုက် တစ်ကိုယ်တော် အပြာရုပ်ရှင်တွေကို ထုတ်လုပ်ဖို့ စတင်နေပြီး လိင်အလုပ်သမား လိုင်စင်ရတာနဲ့ ဖော်ချွတ်ကလပ်တွေမှာ အကမယ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

‘မီခေလာ’ ဟာ ‘စပိဘတ်’ နဲ့ ဇနီးဖြစ်သူ ‘ကိတ်ကပ်ရှော’ တို့ ငယ်စဉ်ကတေည်းက မွေးစားထားခဲ့တဲ့ သမီးဖြစ်ပါတယ်။ သူမရှေ့ဆက်လုပ်ကိုင်မယ့် အစီအစဉ်တွေကို မွေးစားမိဘတွေနဲ့ တစ်ပတ်လုံး ရင်ဆိုင်ပြောဆိုပြီးပြီလို့ ဆိုပါတယ်။ စတီဗင် နဲ့ ကိတ် တို့က စိတ်ပျက်သွားတာမျိုးမရှိပဲ သူမရဲ့ သဘောထားကို အံ့သြစိတ်ဝင်စားတဲ့ ပုံစံပြတယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ စိတ်မပါတဲ့ အလုပ်တွေကို နေ့တိုင်းလုပ်နေရတာ စိတ်ကုန်နေပြီး အခုလို လိင်အလုပ်သမလုပ်ရတာက သူမကို စိတ်ကျေနပ်စေလိမ့်မယ်လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

“သဘာဝအတိုင်း ကြီးထွားနေတဲ့ ကျွန်မရဲ့ ရင်သားတွေက ပိုက်ဆံလုပ်စက်ပဲ” အပြာကားတွေ ရိုက်ရမယ်ဆိုရင်လည်း ရိုက်နိုင်ပါတယ်လို့ ပြောပါတယ်။

ယခုလအစောပိုင်းမှာလည်း သူမဟာ လိင်ဖျော်ဖြေရေးလောကထဲကို ဝင်တော့မည်ဖြစ်ကြောင်း၊ ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ ကိုယ့်ဘဝ၊ ကိုယ့်ဝင်ငွေ၊ ကိုယ့်ရွေးချယ်မှုဖြစ်ပြီး နာမည်တစ်လုံးကြောင့် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေကို ချုပ်တည်းထားရတာမျိုး၊ သူတော်ကောင်းလို နေရတာမျိုး လုပ်စရာမလိုဘူးလို့ သူမရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။

သူမရဲ့အဓိကရည်ရွယ်ချက်ကတော့ ဝင်ငွေကောင်းကောင်းနဲ့ အမှီအခိုကင်းစွာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရေး ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုယ်စိတ်ချမ်းသာဖို့အတွက် ကိုယ့်ခန္ဓာကိုယ်ကို ဒီလိုမျိုးအသုံးပြုတဲ့အပေါ်မှာ လူတွေအနေနဲ့ ဘာမှစွက်ဖက်ပြောဆိုဖို့မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။


20 Feb 2020     2,340 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS