BEC-TERO TV

မီးပွိုင့်မှာ သေနတ်ပြပြီး ပိုက်ဆံလိုက်တောင်းနေသော ကလေးအား ဖမ်းဆီး

21 Feb 2020     2,340 Views


မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွတွေမှာ ပိုက်ဆံလိုက်တောင်းတဲ့ ကလေးတွေကို အနည်းနဲ့အများတော့ ကြုံဖူးကြမယ်ထင်ပါတယ်။ တစ်ချို့က ရင်ခွင်ပိုက်ကလေးကို ချီပြီး သနားစဖွယ်တောင်းရမ်းနေကြတာ၊ တစ်ချို့က လပ်အုပ်ချီပြီး သနားအောင် ပြောဆိုတောင်းရမ်းကြတာ စသည်ဖြင့် ပုံစံမျိုးစုံရှိပါတယ်။

မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က လာဟန်ဒါတူးမြို့ရဲ့ လမ်းဆုံတွေမှာ ပိုက်ဆံလိုက်တောင်းနေတဲ့ ကလေးတစ်ယောက်ကတော့ ထူးဆန်းပါတယ်။ သူဟာ ကားနားကို ကပ်လာပြီး ပစ္စတိုသေနတ်(အရုပ်သေနတ်)ပြပြီး တောင်းတဲ့အတွက် လူတွေဟာ ရုတ်တရက်ဆိုရင် အလွန်အမင်းထိတ်လန့်သွားကြပါတယ်။ အဲဒီနောက်မှာ ပိုက်ဆံ ပေးလိုက်ကြရပါတယ်။

ဒီအဖြစ်ပျက်ကို တွေ့နေရသူတစ်ဦးက ရဲတိုင်ကြားခဲ့တာကြောင့် ကလေးကို ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူနဲ့ဆက်စပ်ပြီး နောက်ထပ် လူ ၁၅ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့တွေအားလုံးဟာ မည်သည်မည်ဝါဖြစ်တယ်ဆိုတာကို စာရွက်စာတမ်းအထောက်အထား မရှိသူတွေဖြစ်ပါတယ်။ ဖမ်းဆီးရမိသူ ၁၅ ဦးထဲမှာ ၁၁ ဦးက ကလေးတွေဖြစ်ပြီး အသက် အကြီးဆုံးမှာ ၁၃ နှစ် ဖြစ်ကြောင်း ရဲအရာရှိ Nasir Mansor က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပိုက်ဆံတောင်းရမ်းစဉ်မှာ ကလေးကိုင်ဆောင်ခဲ့တဲ့ အရုပ်သေနတ်ဟာ သူ့အမေက အခြားကလေးတွေနဲ့ ကစားဖို့ ပေးထားတာဖြစ်ကြောင်း သိရှိရပြီး အဆိုပါ အမှုကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး ပုဒ်မ ၆(၁) အရ ဆက်လက်စုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း မလေးသတင်းစာ Astro Awani တွင် ဖော်ပြပါရှိသည်။


21 Feb 2020     2,340 Views




RELATED

Most Popular of Special or Others

Most Popular of NEWS