BEC-TERO TV

ဟော့ပေါ့ အရမ်းကြိုက်သူများအတွက် ကျန်းမာရေးသတိ

21 Feb 2020     1,953 Views


ယနေ့ခေတ် အစားအစာတွေထဲမှာ ဟော့ပေါ့က လူကြိုက်အများဆုံးစာရင်းမှာ ထိပ်ဆုံးကနေရှိနေပါတယ်။ အရသာရှိလှတဲ့ စွပ်ပြုတ်(အချို/အစပ်)အရည်ထဲကို အသားစိမ်းတွေ၊ အသီးအရွက်တွေကို လတ်လတ်ဆတ်ဆတ်ထည့်ပြီး စားရတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ခံယူထားကြတာများပါတယ်။

ဒါပေမယ့် ဟော့ပေါ့ရဲ့နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးတွေရှိနေပြီး ဟော့ပေါ့ကို ဆက်တိုက်ဆိုသလို ခဏခဏ စားမယ်ဆိုရင် ဘာတွေထိခိုက်လာနိုင်မလဲဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ဟော့ပေါ့လို အစားအစာမျိုးတွေမှာ အဆီနဲ့ ဆိုဒီယမ်ဓါတ်တွေ အများအပြား ပါဝင်နေတတ်တယ်။ ဒါကြောင့် ဟော့ပေါ့ကို ခဏခဏ စားတဲ့သူတွေမှာ နှလုံးရောဂါ၊ သွေးတိုးနဲ့ ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်က ခြိမ်းခြောက်နေပါတယ်။

ဟော့ပေါ့ ဟင်းရည် တစ်အိုးမှာ ပါဝင်တဲ့ ဆိုဒီယမ်ပမာဏဟာ လူတစ်ယောက် တစ်နေ့တာ စားသုံးသင့်တဲ့ ပမာဏ ၂၀၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) ထက် များစွာပိုနေပါတယ်။ အစပ်အရသာရှိတဲ့ ဟင်းရည် တွေမှာဆိုရင်တော့ ဆိုဒီယမ်ဓါတ်တွေထက် အဆီက ပိုပြီးများနေပြန်ပါတယ်။

အဆီနဲ့ ဆိုဒီယမ်များစွာ ပါဝင်နေတဲ့အတွက် အရသာကလည်း လျှာလည်စေတာကြောင့် ဟော့ပေါ့ကို တစ်ခါစားမိရင် ခဏခဏ စားချင်နေမိတတ်ပါတယ်။ အခုလိုမျိုး စားချင်စိတ်ကိုလည်း တားမရဘူး ကျန်းမာရေးလည်း ထိခိုက်မှာ စိုးရိမ်တယ်ဆိုရင်တော့ ဖော်ပြပါနည်းလမ်းအတိုင်း ဟော့ပေါ့ကို ကိုယ်တိုင် ချက်စားနိုင်ပါတယ်။

ဟော့ပေါ့အတွက် ဟင်းရည်ကို အရသာပေါ့ပေါ့လေးပဲ ချက်သောက်ပါ။ အဆီအရမ်းမများတဲ့ အသားတွေကို ရွေးစားပါ။ ကြက်သား၊ ငါး တို့ကို ဦးစားပေးပြီးစားပါ။ အသီးအရွက်များများ ဖြည့်စားပါ၊ ဟော့ပေါ့နဲ့အတူ တွဲဖက်စားရတဲ့ ဆီကြော်စာတွေကို လျှော့စားပါ။ ဒါဆိုရင်တော့ ကိုယ်သိပ်ကြိုက်တဲ့ ဟော့ပေါ့ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ စိတ်ကြိုက်အဝ စားသုံးနိုင်ကြပါပြီ။


21 Feb 2020     1,953 Views




RELATED

Most Popular of Health Fix

Most Popular of Life Style