BEC-TERO TV

မကြာခင်မှာ ကလေးနှစ်ယောက်ဖခင်ဖြစ်တော့မယ့် သရုပ်ဆောင်မြင့်မြတ်

27 Feb 2020     2,489 Views


ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်သူ သရုပ်ဆောင်မြင့်မြတ်ကတော့ တစ်ခဲနက် အောင်မြင်ကျော်ကြားမှုတွေနဲ့အတူ သာယာအေးချမ်းတဲ့အိမ်ထောင်တစ်ခုကိုပါ တည်ထောင်ထားသူပါ။ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကိုပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့မိသားစုရိပ်မြုံလေးကို ဖန်တီးထားတဲ့ မြင့်မြတ်ကတော့ မကြာခင်မှာ ကလေးနှစ်ယောက်ဖခင်ဖြစ်လာတော့မယ်လို့ သိရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သရုပ်ဆောင်မြင့်မြတ်ရဲ့ဇနီးဖြစ်သူ မခင်သူအောင်က နောက်ထပ် ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီလို့ သိရပါတယ်။ ထိုအကြောင်းကိုတော့ အနုပညာလောကထဲမှ ခင်မင်ရင်းနှီးသူမိတ်ဆွေတစ်ယောက်က “မြတ်သူလေးနဲ့ဆော့ဖို့ နောက်တစ်ယောက်တဲ့…. Congratulation ကွီးမြင့်မြတ်ရေ” လို့ ဂုဏ်ပြုစကားဆိုပြီး ရေးတင်းထားတာဖြစ်ပါတယ်။

လက်ရှိမှာ သားသားလေးလား၊ မီးမီးလေးလား သေချာမသိရသေးပေမယ့် မကြာခင်အချိန်အတွင်းမှာ ကလေးနှစ်ယောက်ဖခင်ဖြစ်လာတော့မယ့် မြင့်မြတ်အတွက် ချစ်တဲ့ပရိသတ်တွေကတော့ ဝမ်းသာဂုဏ်ပြုစကားတွေ ဆိုထားတာတွေ့ရပါတယ်။ မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ကားတွေကို အဆက်မပြတ်ရိုက်ကူးနေတာဖြစ်ပြီး အားလပ်ချိန်လေးတွေမှာ မိသားစုကိုအချိန်ပေးရင်း ခရီးတွေထွက်နေတာလဲဖြစ်ပါတယ်။

သိပ်မကြာခင်မှာ မိသားစုဝင်တစ်ယောက်ထပ်တိုးတော့မယ့် မြင့်မြတ်တို့မိသားစုလေးကိုချစ်ရင် Share လုပ်ပေးဖို့လဲ မမေ့ပါနဲ့ဦး…

(ပိုပိုလေး)

 


27 Feb 2020     2,489 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS