BEC-TERO TV

အတွင်းခံမဝတ်ရင် အူကျွံ(အူကျ) စေနိုင်လား..?

27 Feb 2020     2,402 Views


အူကျွံ(အူကျ) တာကို အများစုက ယောက်ျားလေးတွေမှာသာ ဖြစ်လေ့ရှိတဲ့ ရောဂါလို့ ထင်ထားတတ်ကြပါတယ်။ ဒါပေမယ့် အူကျွံ(အူကျ)ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဖြစ်တတ်ပါတယ်။

ထို့ပြင် အူကျွံ(အူကျ)တာဟာ အတွင်းခံဘောင်းဘီ မဝတ်တာကြောင့် ဖြစ်တယ်လို့ တစ်ထစ်ချ ထင်မှတ်တတ်ကြပါသေးတယ်။ ဒါကြောင့် အူကျွံ(အူကျ)ရောဂါ ဖြစ်ရတာနဲ့ပက်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အူကျွံ(အူကျ)ရောဂါ ဆိုသည်မှာ

အူကျွံ (အူကျ) ရောဂါဆိုတာဟာ ဝမ်းဗိုက်ထဲ သဘာဝအတိုင်း သူ့အနေအထားနဲ့သူ ရှိနေတဲ့ အူတွေဟာ အကြောင်းတစ်ခုခုကြောင့် ဝမ်းဗိုက်နံရံတွေ အားနည်းသွားတာကြောင့် သို့မဟုတ် ဝမ်းဗိုက်နံရံ တစ်နေရာရာမှာ ပျော့သွားတဲ့အခါ အူတွေက ဖုဖောင်း ထွက်လာတာကို အူကျရောဂါအဖြစ် သတ်မှတ်ထားပါတယ်။ အတွင်းခံ မဝတ်တာကလည်း အူကျခြင်းကို ဖြစ်စေနိုင်တဲ့ အစိတ်အပိုင်း အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

အူကျွံ(အူကျ) ဖြစ်စေနိုင်သော အကြောင်းရင်းများ

  • မွေးရာပါဖြစ်တဲ့ဝမ်းခေါင်းမူမမှန်ခြင်း
  • အသက်အရွယ်
  • ဝမ်းဗိုက်မှာ ပြင်းထန်သောမတော်မဆထိခိုက်မှုရှိခြင်း
  • အားစိုက်၍ အလေးအပင်မခြင်း
  • ခဏခဏချောင်း အလွန်ဆိုးခြင်း၊ နှာချေပြင်းထန်ခြင်း
  • အမြဲတမ်းလိုလို ဆီး၊ မစင် ညစ်ခြင်း
  • ဝမ်းဗိုက်ခွဲစိတ်မှုရှိခဲ့ပြီး ဝမ်းခေါင်းနံရံများအားနည်းခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း တို့ကြောင့် အူကျွံ(အူကျ) ဖြစ်စေနိုင်ပါတယ်။

ဖော်ပြပါ အကြောင်းရင်းတွေကို ဆန်းစစ်ကြည်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အူကျွံ(အူကျ) ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

အမျိုးသားတွေမှာ အဖြစ်များတဲ့ အူကျရောဂါကို အတွေ့ရဆုံးနေရာက ပေါင်ခြံမှာဖြစ်ပြီး၊ အသက် ၄၀ ကျော် အမျိုးသားတွေမှာ ဖြစ်တတ်တာများပါတယ်။ ကနဦးလက္ခဏာအစက ပေါင်ခြံနားတဝိုက်မှာ အလုံးအကျိတ်ပုံစံလိုမျိုး ဖြစ်လာတတ်ပြီး မကြာခဏ ဗိုက်အောင့်တာကိုပါ တွဲပြီးခံစားရတတ်ပါတယ်။

ယင်းအခြေအနေကနေ ကြာလာရင်တော့ အူကျတာ အရွယ်အစားကြီးလာပြီး ဝှေးစေ့ထိ ရောက်ကာ အူပိတ်နိုင်တဲ့ထိ အဆင့်တက်သွားစေနိုင်ပါတယ်။

ရောဂါအခြေအနေအပေါ်မူတည်ပြီး အူကျွံ(အူကျ)ခြင်းကိူ အမျိုးအစား ၂ မျိုးခွဲခြားထားပါတယ်။

၁။ လက်ကလေးနဲ့ဖိပြီး ပြန်သွင်းလို့ရတဲ့အမျိုးအစား

၂။ ပြန်သွင်းလို့မရတဲ့ အမျိုးအစား တို့ဖြစ်ပါတယ်။

ကုသခြင်း

အထူးမှန်ပြောင်းကရိယာဖြင့် ခွဲစိတ်ကုသရပြီး ထိရောက်တဲ့ ကုသနည်းဖြစ်တာကြောင့် အသုံးများတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ကုသမှုခံယူပါက ဒဏ်ရာအနာ သေးခြင်း၊ နာကျင်မှု သက်သာခြင်း၊ ခွဲစိတ်ပြီးသွားတာနဲ့ ဆေးရုံမှာ နေစရာမလိုပဲ အိမ်ပြန်အနားယူလို့ရပြီး အမြန်ဆုံး သက်သာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။


27 Feb 2020     2,402 Views




RELATED

Most Popular of Health Fix

Most Popular of Life Style