BEC-TERO TV

အကောင်သေးပေမယ့် လူကိုသေစေနိုင်တဲ့ [ကိုရိုနာဗိုင်းရပ်စ်၏ ပထမဆုံးပုံရိပ်]

28 Feb 2020     1,670 Views


ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဗဟိုဌာန Centers for Disease Control (CDC) က အမေရိကန်နိုင်ငံသား ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦးရဲ့ ဆဲလ်တွေကို အထူးအဏုကြည့်မှန်ပြောင်းမှတစ်ဆင့် စမ်းသပ်ကြည့်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ပုံရိပ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ တွေ့မြင်ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပုံရိပ်တွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ပုံမှာဖော်ပြထားတဲ့ အပြာရောင် အစက်လေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပါတယ်။ SARS-CoV-19 ဗိုင်းရပ်စ်ပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲမှာ လှည့်လည်သွားလာနေတာကို တွေ့မြင်ရပါတယ်။ ယခုပုံရိပ်ဟာ CDC က သိပ္ပံသုတေသီတွေက ထရန်စမစ်ရှင်း အီလက်ထရွန် မိုက်ခရိုစကုတ်ကို အသုံးပြုပြီး ရိုက်ကူးထားတဲ့ ပထမဦးဆုံးပုံရိပ်ဖြစ်ပါတယ်။

ဒီပုံရိပ်ဟာ အသက် ၃၆ နှစ်အရွယ် ဝါရှင်တန်ပြည်နယ် စနိုဟိုမစ်ရှ်ကောင်တီမြို့က အမေရိကန်နိုင်ငံသား ကိုရိုနာဗိုင်းရပ်စ်လူနာ တစ်ဦးထံမှ စမ်းသပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို ခရီးသွားခဲ့ပြီးနောက် ကူးစက်ခံခဲ့ရသူဖြစ်ပါတယ်။

ယခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၈၅,၀၀၀ ကျော် ကူးစက်ခံနေရပြီး အမေရိကန်မှာ အယောက် ၆၀ လောက် ကူးစက်ခံထားရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အလွန်တရာသေးငယ်လွန်းတဲ့အတွက် သာမာန်ဓာတ်ခွဲခန်းသုံး၊ ကျောင်းသုံးအဏုကြည့်မှန်ပြောင်းတွေနဲ့ ကြည့်မယ်ဆိုရင် မြင်ရမှာမဟုတ်ပါဘူး။

မိုက်ခရိုစကုတ်ပုံရိပ်မှာ ဆဲလ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းတိုက်ခိုက်နေတာကို တွေ့မြင်ရပြီး တစ်ခါတစ်ရံ အပြွတ်လိုက်အခိုင်လိုက် ပူးကပ်တိုက်ခိုက်နေတာကို မြင်တွေ့ရပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အကောင်သေးပေမယ့် လူကိုသေစေနိုင်လောက်တဲ့ထိ အဆိပ်ပြင်းတယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။


28 Feb 2020     1,670 Views




RELATED

Most Popular of International News

Most Popular of NEWS