BEC-TERO TV

အီစီးကရက် စွဲသောက်မှုကြောင့် အဆုတ်နှစ်ခြမ်းစလုံး ကုလိုမရအောင်ပျက်ဆီး

28 Feb 2020     3,186 Views


လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကစပြီး လူငယ်တွေဟာ ဆေးလိပ်အစားထိုးအဖြစ် အီးစီးကရက်(electronic cigarette) သောက်သုံးမှု မြင့်တက်လာပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းနဲ့ ကတ္တရာတို့ရဲ့ အန္တရာယ်ကြောင့် အီးစီးကရက်ကို ပြောင်းသောက်လာကြပေမယ့် အီးစီးကရက်တွေဟာလည်း ဆေးလိပ်နည်းတူ ကျန်းမာရေးဆိုးကျိုးတွေရှိတယ်ဆိုတာကို သိတဲ့သူ နည်းပါးပါတယ်။ ဖက်ရှင်ပုံစံနဲ့လည်း လူငယ်တွေသောက်နေကြတဲ့ အီးစီကရက်တွေမှာ အရသာ၊ နံသာတွေထည့်ထားတာကြောင့် ဆေးလိပ်လိုပဲ မသောက်ရရင် မနေနိုင်အောင် စွဲသွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစေားပိုင်းက အသက် ၁၉ နှစ်အရွယ် Claire Chung ဆိုသူ တရုတ်-အမေရိကန် မိန်းကလေးတစ်ယောက်ဟာ အပြင်းဖျားပြီး ဆေးရုံတင်ခဲ့ရပါတယ်။ အဖျား ၁၀၄ ရှိပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာကို သိရဖို့ ဓါတ်မှန်စကန်ရိုက်ပြီး၊ ပရိဇီဝဆေးဝါတွေပေးကာ ၄၈ နာရီကြာကုသခဲ့ရပါတယ်။ အဲဒီနောက် ဓါတ်မှန်အဖြေကို ဆရာဝန်တွေရဲ့ စစ်ဆေးကြည့်ရှုလိုက်တဲ့ အခါမှာတော့ သူမရဲ့အဆုတ်တစ်ရှုးတွေဟာ ဆိုးဆိုးရွားရွားပျက်ဆီးနေတာကို တွေ့ခဲ့ရပါတယ်။

သူမဟာ အီးစီးကရက်ကို ကြာရှည်စွာစွဲသောက်ခဲ့သူဖြစ်ပြီး အဲဒီဒဏ်တွေကြောင့် သူမရဲ့အဆုတ် နှစ်ခြမ်းလုံး မဲနက်ပြီး အကောင်းတိုင်းပြန်ကုသလို့မရအောင် ပျက်ဆီးသွားခဲ့ပါတယ်။ ကွန်ပြူတာစကန်ရိုက်ထားတဲ့ သူမရဲ့ အဆုတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး အခြားသူတွေကို အီးစီးကရက် မသောက်ကြဖို့ သတိပေးခဲ့ပါတယ်။ သူမရဲ့ လက်ချောင်းလေးတွေနဲ့ အဆုတ်တွေဟာ မဲမှောင်နေပြီး ဒီဓါတ်မှန်တွေကို အဆုတ်အထူးကုဆရာဝန်ကြီးတွေ တွေ့တဲ့အခါမှာ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ ဒီလိုအဖြစ်ပျက်မျိုး တစ်ခါမှ မကြုံတွေ့ဖူးဘူးလို့ ဆရာဝန်ကြီးတွေက ဆိုပါတယ်။

Claire အနေနဲ့ သူမအရမ်းထိတ်လန့်ခဲ့ရတာတစ်ခုက သူမရဲ့အဆုတ်ဟာ အခုလောက်ထိ ပျက်ဆီးသွားတာတောင် တစ်ခါမှ အသက်ရှုမဝတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်တင်းကျပ်တာ၊ ရင်ဘတ်နာကျင်တာ စတဲ့ အဆုတ်နဲ့ပက်သက်တဲ့ ရောဂါလက္ခဏာတွေ တစ်ခါမှ မခံစားခဲ့ရဖူးဘူးလို့ ဆိုပါတယ်။ သူမအနေနဲ့ ဆက်ကလက်အသက်ရှင်နေနိုင်ရင်တောင် အဆုတ်ကတော့ လုံးဝပျက်ဆီးနေပြီး အရင်လိုပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူမရဲ့ သူငယ်ချင်းတွေနဲ့ အခြားသူတွေကို အီးစီးကရက်လို ဆေးလိပ်အစားထိုးအရာတွေဟာ မီးခိုးဗုံးတစ်လုံးကို အဆုတ်ကို ထိခိုက်စေတဲ့အတွက် မသောက်ကြဖို့ တိုက်တွန်းထားပါတယ်။


28 Feb 2020     3,186 Views




RELATED

Most Popular of Health Fix

Most Popular of NEWS